ဆန္ဒပြည့်ရှင်သီဝလိ စေတီတော်

အသေးစိတ် အချက်အလက်များ

ရှေ့နောက်ယှဉ်လျက် အဆောက်အဦမှာ ရှင်သီဝလိမထေရ်ကို ခြုံ၍ စေတီတည်ထားသည့် အဆောက်အဦထဲတွင် ဖားကမြွေကို မြိုနေပုံ ရုပ်တုလည်းရှိသည်။ ဆန္ဒပြည့်ရှင်သီဝလိဆောင်ဟု အမည်ရှိပါသည်။

ဆန္ဒပြည့်ရှင်သီဝလိစေတီတော်ကို ၁၃၅၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် အကျိုးဆောင် မြောက်ဥက္ကလာပမြို့နယ်၊ ဇမ္ဗူအေးကျောင်းတိုက်၊ ဓမ္မမေဒိနိကျောင်းဆရာတော်၊ အာသာဝတီကျောင်းတိုက်၊ ရွှေဘုံသာကျောင်းဆရာတော်၊ စက်မှု လက်မှုလုပ်ငန်းနှင့် ကုန်သည်ကြီးများအသင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ စေတနာရှင်များက စုပေါင်းတည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်။

စေတီတည်ဆောက်နေစဉ်ကာလမှာပင် ဖားကမြွေမြိုသော နိမိတ် တွေ့ရသဖြင့် အောင်မြေဘုရားဟုလည်း အမည်တွင်ခဲ့ခြင်း ဖြစ်ပါသည်။

ဤရှင်သီဝလိစေတီတော်ကို ထိုစဉ်က မြို့နယ်တာဝန်ခံဖြစ်ခဲ့သော ဗိုလ်မှူးကြီး သိုက်ထွန်း ဦးဆောင်၍ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်။