ဆည်းလည်းစေတီတော်

အသေးစိတ် အချက်အလက်များ

ဗုဒ္ဓသည် ဘုရားဖြစ်တော်မူပြီးနောက် တရားဟောရန် လောကကိုကြည့်သော် လောကကြီးသည် အကန်းအမိုက် တိုက်ကြီး သာတည်း။ ငါ သိထားသော တရားကို ဤလောကလူသားတို့ သိနိုင်ရန်မလွယ်၊ တရားဟောက ငါသာ ပင်ပန်းရုံရှိမည်ဟု နှလုံးပိုက်ပြီး တရားမဟောရန် စိတ်အကြံဖြစ်သည်။

ဗုဒ္ဓ၏အကြံကို သဟမ္ပတိဗြဟ္မာကြီးကသိ၍ ဤလောက၌ ကျွတ်ထိုက်သော သူတို့ ရှိပါသည်။ တရားဟောရန် စိတ်အကြံဖြစ်ပါဟု လျှောက်ထားတောင်းပန်သဖြင့် ဗုဒ္ဓ၏ တရားအသံ စကြာဝဠာအနှံ့ကျယ်ပြန့်သော ဓမ္မစကြာ တရားကို စတင်ဟောခဲ့သည်။

ထိုတရားသံသည် ဆည်းလည်းသံကဲ့သို့ သာယာနာပျော်ဖွယ် လူ၊ နတ်၊ ဗြဟ္မာတို့ အကျွတ်တရားရဖွယ်ဖြစ်သော ဓမ္မအသံ ဖြစ်သည်။

ထိုကဲ့သို့ လောကဓာတ်တစ်ခုလုံး တရားသံလွင့်ပျံသည်ကို အထိမ်းအမှတ်ထား၍ ဆည်းလည်းစေတီကို တည်ထား ခဲ့ပါသည်။