ဆုမင်းပြည့်စေတီတော်

အသေးစိတ် အချက်အလက်များ

စေတီတော်ကြီး၏ အရှေ့ဘက် ငမိုးရိပ်ချောင်းကမ်းနားတွင် တောင်မှမြောက်သို့ အလျား (၁၈၂) ပေ၊ အနံ (၅၉) ပေ၊ အမြင့် (၇) ပေ (၆) လက်မရှိသော မိချောင်းရုပ်တုကြီးမှာ အဝေးမှပင် မြင်နိင်ပါသည်။ မိချောင်းကြီး၏ ဝမ်းပိုက် လိုဏ်အတွင်း၌ ဘိုးတော်သိကြား၊ မယ်တော်မယ်လမု၊ သားတော် ဥက္ကလာပမင်းတို့ ဇာတ်ကြောင်းကို ပန်းချီ ပန်းပု လက်ရာများဖြင့် ဖော်ပြထားပါသည်။
မိချောင်းကြီး၏ ကျောရိုးပေါ်တွင် လမုသီးကြီးတစ်လုံးရှိသည်။ ထိုလမုသီးကြီးပေါ်တွင် “ဆုမင်းပြည့်” ဘွဲ့အမည်တော်ဖြင့် သပ္ပာယ်စွာ ပူဇော်ထားသော စေတီတော်တစ်ဆူ ရှိပါသည်။