နောင်တော်ကြီးစေတီတော်

အသေးစိတ် အချက်အလက်များ

ဥက္ကလာပမင်းကြီး နတ်ရွာစံသောအခါ ဥက္ကလာပမင်းကြီး၌ သားထောက်နောက်ခံ အိမ်ရှေ့မင်းမရှိ၍ တူတော် သန်လျင်မင်းက ဥက္ကလာပကို သိမ်းပိုက်ကာ အုပ်ချုပ်မင်းလုပ်သည်။ ဥက္ကလာပမင်းကြီး၏ မိဖုရားဟောင်းတို့သည် မယ်တော်ကြီးမယ်လမုမွေးဖွားရာ အထိမ်းအမှတ်စေတီအနီး ပတ်ဝန်းကျင်၌ မိမိတို့ပိုင်ဥစ္စာများကို မြှုပ်နှံထားကြပြီး မိမိတို့ကမူ သာဂရ ရသေ့၏ အဆုံးအမ၌ တည်ကာ တရားကျင့်နေကြသည်။ သေလွန်ကြသောအခါ ထိုဥစ္စာများကိုစွဲ၍ သေလွန်ကြသဖြင့် ဤနေရာ၌ မကျွတ်မလွတ်ဥစွာစောင့်ဖြစ်နေကြရသည်။

သီရိဒေဝီမိဖုရားသည် လူ့ပြည်၌ အကြိမ်ကြိမ်ကျင်လည်ခဲ့သည်။ စန္ဒာဒေဝီမိဖုရားက လူ့ပြည်သို့ နှစ်ကြိမ်ရောက်ခဲ့သည်။ စန္ဒီဒေဝီနှင့် ဣရန္ဓတီဒေဝီတို့က လူ့ပြည့်သို့မလာရောက်ကြ၊ ထို့သိုက်မှာပင် အမြဲတာဝန်ကျနေရသည်။ သူတို့သည် မိမိတို့ပိုင်ဥစ္စာများကို ဘုရားလှူပြီး ကျွတ်လိုကြသည်။ သို့အတွက် မိမိတို့နှင့် ပဌာန်းဆက်ရှိခဲ့ကြသော သိုက်ဆက်ရှိခဲ့ကြသော ပုဂ္ဂိုလ်များကို အကူအညီပေးပြီး ဤဘုရားကို ပြုပြင်နိုင်ရန် စီမံခဲ့ကြသည်။

သို့အတွက် လူ့ပြည်သို့ တစ်ဖန်ပြန်ရောက်နေသော သီရိဒေဝီတစ်ဖြစ်လဲ ဒေါ်စောညွန့်ရီကို အကူအညီတောင်းခံခဲ့ပြီး၍ ဘုရားကို ပြန်လည်ပြုပြင်တည်ဆောက်စေသည်။ မိမိတို့သည် သိုက်ကိုစောင့်နေရသဖြင့် ထိုသိုက်နေရာကို အနှောက်အယှက်မပြုနိုင်စေရန်နှင့် နိုင်ထက်စီးနင်းမပြုကြစေရန် ဒေါ်စောညွန့်ရီကို အကူအညီထပ်မီတောင်းခဲ့ကြသည်။ သို့အတွက် ဒေါ်စောညွန့်ရီက သူ၏ညီမများအတွက် အစောင့်အရှောက် အရံအတားဖြစ်‌စေရန် စေတီကို တည်ထားပေးခဲ့သည်။ ထိုစေတီကို ယခုအခါ နောင်တော်ကြီးစေတီဟုခေါ်သည်။ လူအများကမူ သိုက်ဘုရားဟု ခေါ်ဆိုကြသည်။