ဘိုးမင်းခေါင်

အသေးစိတ် အချက်အလက်များ

ဘိုးမင်းခေါင်သည် ပုပ္ပါးတောင်ကလပ်ရှိ စိတ္တသုခဂူတွင် သစ္စာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဝီရိယပါရမီ တို့ကို ပြီးမြောက်စေရန် အဓိဋ္ဌာန်ဝင်ခဲ့ပြီး ဘုရားဆုကို ပန်ခဲ့သည်။
ဝိဇ္ဇာ (သမထ) အကျင့်ကို အောင်မြင်ပြီး ဤသာသနာထွန်းကားရာ မြန်မာနိုင်ငံ၌ မိစ္ဆာဝါဒီ လူမျိုးခြားတို့ လာရောက်အုပ်ချုပ်ခံရပြီး ဗုဒ္ဓသာသနာ ဖျက်ဆီးခံရမည့်ဘေးနှင့် လူအများ ဗုဒ္ဓဘာသာကို ပစ်ပယ်ပြီး အခြားဘာသာများသို့ ဝင်ရောက်မည့်ဘေးတို့ကို မြင်၍ ထွက်ရပ်ပေါက် ယက္ကန်းစင်တောင်ဆရာတော်တို့နှင့် ပူးပေါင်းပြီး သာသနာပြု ဝိဇ္ဇာဓိုရ်အဖွဲ့ကို ဖွဲ့စည်းကာ သာသနာတော်ထွန်းကားပြန့်ပွားရေးနှင့် လူအများ အယူမမှားရေးတို့ကို ပြုလုပ်ဆောင်ရွက်၍ သာသနာပြုခဲ့သည်။
ဘိုးမင်းခေါင်ကို ဤမှာဘက်ခေတ် သာသနာပြုသူ၊ သာသနာကိုစောင့်ရှောက်နေသူအဖြစ် ဂုဏ်ပြုပြီး ဘိုးမင်းခေါင်ရုပ်တုကိုထုလုပ်ပြီး အထိမ်းအမှတ် ပြုထားပါသည်။