မယ်လမုဘဝဖြစ်စဉ်

အသေးစိတ်အချက်အလက်များ

စေတီတော်အရှေ့ဘက် ငမိုးရိပ်ချောင်းကမ်းနားတွင် တောင်မှ မြောက်သို့ အလျှား (၁၈၂) ပေ၊ အနံ (၅၉) ပေ၊ အမြင့် (၇) ပေ(၆) လက်မရှိ မိကျောင်းရုပ်တုကြီးမှာ အဝေးမှ လှမ်းမြင်နိုင်ပါသည်။ မိကျောင်းဝမ်းဗိုက် အတွင်း၌ ဘိုးတော်သိကြား၊ မယ်တော်မယ်လမု၊ သားတော် ဥက္ကလာပမင်းတို့၏ ဇာတ်ကြောင်းကို ပန်းချီ ပန်းပုလက်ရာ များဖြင့် ဖော်ပြထားပါသည်။ မိကျောင်းကြီး၏ ကျောရိုးပေါ်ရှိ လမုသီးကြီးပေါ်တွင် “ဆုမင်းပြည့်” ဘွဲ့အမည်တော်ဖြင့် သပ္ပာယ်စွာ ပူဇော်ထားသော စေတီတော် တစ်ဆူရှိပါသည်။
ပြကွက် (၁)
ရသေ့ကြီးသည် လမုပင်ခြေရင်းမှ ထူးဆန်းလှသော လမုသီးကြီးကို ကျောင်းသင်္ခမ်းသို့ ယူဆောင်လာခဲ့၏။ မကြာမီ ထိုလမုသီးကြီးထဲမှ ထူးဆန်းစွာ မိန်းကလေးတစ်ဦးကို ဖွားမြင်ခန်း။
ပြကွက် (၂)
ထိုမိန်းကလေး အရွယ်ရောက်သောအခါ တာဝတိံသာနတ်ပြည်၌ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာသည် ပူနွေးတင်းမာ လာသဖြင့် သိကြားမင်းသည် လူ့ပြည်သို့ ဆင်ခြင် ကြည့်ရှု့ခန်း။
ပြကွက် (၃)
လူ့ပြည်တွင်သာသနာပြုရန် အချိန်ရောက်ပြီ၊ ထိုသို့သာသနာပြုရန် သာမန်အားဖြင့်မတင့်တယ်၍ သိကြားမင်း သည် လူယောင်ဖန်ဆင်းပြီး မယ်လမု မိန်းကလေးကို ချစ်ရေးဆိုခန်း။
ပြကွက် (၄)
သိကြားမင်းနှင့် မယ်လမုတို့ မေတ္တာမျှပြီး၊ လက်ထပ်ထိမ်းမြားရန် ဘရသေ့ထံ၌ ခွင့်ပန်ခန်း။
ပြကွက် (၅)
သိကြားမင်းသည် လက်ထပ်ပြီး၊ တာဝတိံသာနတ်ပြည်သို့ ပြန်သွား၏။ ပူဆွေးကျန်ရစ်ခဲ့သော မယ်လမုအား ဘရသေ့သည် နှစ်သိမ့်၍ ကျေးသားလေးကို တာဝတိံသာ နတ်ပြည်သို့ စေလွှတ်ခန်း။
ပြကွက် (၆)
တာဝတိံသာနတ်ပြည် သိကြားမင်းထံသို့ ကျေးသားလေး ရောက်ရှိပြီး သိကြားမင်းသည် နတ်ရေစင်ကို ကြုတ်ထဲ ထည့်၍ ကျေးသားလေးလည်မှာ ဆွဲပေးခန်း။
ပြကွက် (၇)
ကျေးသားလေး လူ့ပြည်ပြန်သောအခါ သုမိတ္တာ၊ သုဇီတာ၊ သုနန္ဒာ၊ သုမာလာ နတ်သမီး(၄)ဦးတို့က မနာလိုဝန်တို စိတ်ဖြင့် ကြည့်ရှုနေကြခန်း။
ပြကွက် (၈)
ကျေးသားလေး လူ့ပြည်သို့ အပြန်ခရီးတွင် သုမိတ္တာ၊ သုဇိတာ၊ သုနန္ဒာ၊ သုမာလာ နတ်သမီး(၄)ဦး တို့က သိမ်းငှက်အသွင်ဆောင်၍ နောက်မှလိုက် နှောင့်ယှက်ခန်း။
ပြကွက် (၉)
ရေမြေတောတောင်များအပေါ် ဖြတ်ကျော် ပျံသန်းရှာသော ကျေးသားလေးကို နတ်သမီး(၄)ဦးတို့က သိမ်းငှက် အသွင်ဆောင်၍ နှောင့်ယှက်မှုကြောင့် ကျေးသားလေး လည်ဆွဲကြုတ်မှ နတ်ရေစင်များ ဖိတ်စင်ကျကုန်၏။ ထိုနတ်ရေစင် တစ်စက်ကို မိကျောင်းမှ သောက်သုံးမိ၍ ငမိုးရိပ်ကို မွေး၏၊ ကျားမ သောက်သုံးမိ၍ ကျားငစဥ်းလဲကို မွေး၏။ ထို့နောက် သမင်မ သောက်သုံးမိ၍ မင်္ဂလာဒုံသမင်မကို မွေးဖွားခန်း။
ပြကွက် (၁၀)
ကျေးသားငယ်သည် ကျန်သောနတ်ရေစင်ကို ယူဆောင်၍ ဘရသေ့ကြီးထံသို့ ပြန်လည် ရောက်ရှိခန်း။
ပြကွက် (၁၁)
နောက်ဆုံးနတ်ရေစင်ကို မယ်လမု သောက်သုံး၍ သားတော် ဥက္ကလာပမင်းကို ဖွားမြင်ခန်း။
ပြကွက် (၁၂)
သားတော်ဥက္ကလာပ အရွယ်ရောက်သောအခါ ဥက္ကလာပမင်းအဖြစ် ဘိသိက်ခံယူခန်း။
ပြကွက် (၁၃)
ရသေ့ကြီးသည် မြေးဖြစ်သူ ဥက္ကလာပမင်းအား သသနာပြုရန် စေလွှတ်ခန်း။
ပြကွက် (၁၄)
ဥက္ကလာပမင်းသည် သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် ရွှေတိဂုံ စေတီတော်ကို တည်ထား ကိုးကွယ်ခန်း။