ဓမ္မစေတီကျောက်စာစေတီတော်

အသေးစိတ် အချက်အလက်များ

၁၃၄၄ ခုနှစ် နယုန်လပြည့်နေ့တွင် ဦးယုံတင် + ဒေါ်ညွန့်ကျင်မိသားစုမှ ဓမ္မစေတီကျောက်စာ တည်ထားခဲ့သည်။ ထိုကျောက်စာတွင် ရေးသားထားသည်မှာ အိုရဟန်းတို့ ငါဘုရားမေးလတ်သောအရာက ငါဘုရား၏ လက်သည်းတော်များ၌ရှိသော မြေမှုန့်နှင့် ပထဝီမြေကြီးတွင်ရှိသော မြေမှုန့်က အဘယ်အရာ ပိုများသနည်း မေးမြန်းရာ အရှင်ဘုရားလက်သည်းတော်မှာရှိသော မြေမှုန့်သည် အမှန်ပင်နည်းပါး၍ ပထဝီမြေကြီးတွင်ရှိသော မြေမှုန့်သည် များပြားပါသည်။ အိုရဟန်းတို့ ဥပမာတူစွာ လူတို့သည် သေလွန်ပြီးနောက် လူပြည်၊ နတ်ပြည် ၊ ဗြဟ္မာပြည်သို့ ရောက်လာကြသူမှာ အလွန်နည်းပါးသည်။ ငရဲ၊ တိရစ္ဆာန်၊ အပါယ်ဘုံသို့ ရောက်ကြသူများပြားသည်ဟု ကျောက်စာချပ်မှာရေးထိုးထားပါသည်။

တစ်ဖက်ကျောက်စာမှာလည်း လူနတ်နိဗ္ဗာန် သုံးတန် ချမ်းသာ‌ရောက်တတ်ကြောင်း ကောင်းစွာကုသိုလ်ယူကုန်လော့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်စသည် ဓမ္မာရုံထိတွေ့ခံစားသော တရားတို့သည် လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊မာန၊ ဒိဌိ၊ ကိလေသာ တရားအပေါင်းတို့ ထောင်သောင်းမက ရန်သူတော်တွေပေါ်ပေါက်မလာစေရန် ရုပ်နာမ်နှစ်ပါး သစ္စာလေးပါးတို့အပေါ်၌ အနိစ္စသဘော ဒုက္ခသဘော၊ အနတ္တသဘောပါတကားဟု နှလုံးသွင်းဆင်ခြင်ရန် ရေးထိုးထားပါသည်။

ကောဇာသက္ကရာဇ် ၁၃၅၈ ခုနှစ် ဝါခေါင်လပြည့် ၃ရက်နေ့တွင် ဓမ္မစေတီကျောက်စာက စေတီတည်ထားသည့် အလှူရှင်များ နှစ်ဖက်သော မိဘများဖြစ်ကြသည့် (ဦးယုတင် + ဒေါ်ညွန့်ကျင်)၊ (ဦးစု) + ဒေါ်ကြည်ကြည်ရွှေ အမှူးထားပြီး ဒေါက်တာအေးမင်း + ဒေါ်စမ်းစမ်းမြင့် မိသားစုမှ ဓမ္မစေတီကျောက်စာအပေါ်တွင် ရွှေတိဂုံပုံစံတူ ရည်မှန်း၍ (၃ရက် ၉လ ၂၀၂၃) ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ (၂၀၂၄ ခုနှစ် ဂေါပကအဖွဲ့ မှ ပြုစုသည်)