ရင်ပြင်တော်

စေတီတော်ကြီး၏ အတွင်းအာရုံခံလိုဏ်ဂူ ပတ်လမ်းသည် ၁၃ ပေခွဲ အကျယ်ရှိသည်။ လိုဏ်ပတ်လမ်းကို လက်ယာရစ်ပတ်မည်ဆိုပါက လက်ဝဲဘက်ရှိ အဝင်မုခ်ပေါက်တစ်ခုနှင့် တစ်ခုကြားတွင် ပြခန်းတစ်ခုစီဖြင့် ပြခန်း ၈ ခန်းရှိပါသည်။ အဆိုပါ ပြခန်းများတွင် မြတ်စွာ ဘုရားထင်ရှားရှိစဉ်က ဗျာဒိတ်တော်ပေးခဲ့သည့်နေရာများမှ စေတီပုထိုးများ၊ ပျူခေတ်မှ ရတနာပုံခေတ်ထိ စေတီပုထိုးများ၊ ရုပ်ပွားဆင်းတုတော်များနှင့် တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များမှ တန်ခိုးကြီးသော စေတီပုထိုးတော်များနှင့်ရုပ်ပွားဆင်းတုတော်များကို ပုံတူငယ် များဖြင့် ပြသထားပါသည်။
အတွင်းအာရုံခံလိုဏ်ဂူတော်မှာ အချင်း ၆ဝ ပေနှင့် အမြင့် ၄၆ ပေရှိပါသည်။ လိုဏ်ပတ် လမ်းမှ အတွင်းအာရုံခံ လိုဏ်ဂူအတွင်းသိုဝင်၍ အရပ်လေးမျက်နှာနှင့် ထောင့်လေးထောင့်မှ အဝင်ပေါက် စုစုပေါင်း (၈)ပေါက် ရှိပါသည်။ အဝင်ပေါက်များ၏ ဘယ်ညာဂူနံရံပေါ်တွင် အပရာဇိတပလ္လင်ပေါ်၌ ကိန်းဝပ်စံပယ်နေတော်မူသော မြတ်စွာဘုရား(၈)ဆူ တို၏ တည်မှီ၍ ပွင့်တော်မူရာ သစ်ပင်များကို ဘုရားတစ်ဆူစီအတွက် အင်္ဂတေပန်းများဖြင့် ပုံဖော်ထားပါသည်။