အာရုံခံတန်ဆောင်းများ
ရင်ပြင်တော်၏ထောင့် ၄ ထောင့်တွင် ဆောက်လုပ်ထားသည့် ထောင့်ပြာသာဒ် ၄ ဆူ၏ထီးတော် ၄ ဆူကို ၁၉၉၃ ခုနှစ် မေလတွင် ဂေါပကအဖွဲ့ကတင်လှူပူဇော်ခဲ့၍ ပူဇော်မှု ကုန်ကျစရိတ်မှာ ကျပ် ၁၅ဝ၀ဝဝ(ကျပ်တစ်သိန်းငါးသောင်းတိတိ)ဖြစ်သည်။ တနင်္ဂနွေထောင့်ပြာသာဒ်တွင် ကြေးသွန်းထိုးခေါင်းလောင်းတော်ကြီးကို တပ်ဆင်ပူဇော် သည်။ ယင်းခေါင်းလောင်းတော်ကြီးအား မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဆင်မလိုက်သင်္ဘောကျင်း တွင် သွန်းလုပ်၍ ကုန်ကျငွေကျပ် ၇၅၀၀၀၀(ကျပ်ခုနစ်သိန်းငါးသောင်းတိတိ)ကို မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ(ရန်ကုန်တိုင်း)မိသားစုများက လှူဒါန်းသည်။ စနေထောင့်ပြာသာဒ်တွင် တင့်တယ်လှပသော မြန်မာမှုလက်ရာ ကြေးသွန်းမောင်းကြီးကို မြန်မာ့သင်္ဘောကျင်းလုပ်ငန်းက ပြုလုပ်တပ်ဆင်လှူဒါန်းသည်။ ရာဟုထောင့်ပြာသာဒ်တွင် စကျင်ကျောက်ဖြင့်ထုလုပ်ထားသော မတ်ရပ်ဗုဒ္ဓရုပ်ပွားတော်(ဉာဏ်တော် ၅ပေ ၄ လက်မ)နှင့်ဗုဒ္ဓခြေတော်ရာ ပါဒစေတီတော်(အလျား ၄၄ လက်မ၊ အနံခြေဖျားတော် ၂၃ လက်မ၊ ခြေဖဝါးတော် ၂၁ လက်မ၊ ခြေဖနောင့်တော် ၁၉ လက်မ)တို့ကို တည်ထားပူဇော်ထားသည်။ ထုလုပ်တည်ထားမှုအစုစုအတွက် ကုန်ကျငွေကိုရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တနာရဒါ ဘိဝံသ (လှရတနာ) နှင့်တပည့်ဒါယကာ၊ ဒါယိကာမမိသားစုက ခင်ပွန်းဦးမောင်ယု သားမောင်ထွန်း အားရည်စူး၍ အမှတ်(၆၂/ဘီ)၊ ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့နေ ဒေါ်မြယူ၊ ဦးရွှေညီ+ဒေါ်မြမြဝင်း၊ ဒေါ်ရင်ရင်ဝင်း၊ ဦးထွန်းလေး+ဒေါ်ခင်ခင်ပြုံး၊ ကိုထွန်းအောင်၊ ကိုဝင်းထွန်းနိုင် သားသမီးမြေးတစ်စု တို့ကလှူဒါန်းသည်။။