ဆိုင်ခန်းများ

စေတီတော်ကြီးတွင် ဘုရားဖူးဧည့်သည်များ စားသောက်ရန် နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများဝယ်ယူနိုင်ရန် ဆိုင်ခန်းများလည်းဖွင့်လှစ်ပေးထားပါသည်။ ဘုရားဖူးဧည့်သည်များ စိတ်ဝင်စားပါက မေးမြန်းနိုင်သော ဗေဒင်ဆိုင်ခန်းများလည်းရှိပါသည်။ စေတီတော်ကြီး၏ မြောက်ဘက်မုခ်ဝအနီးတွင် စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များ ရှိသည့်အပြင် ဗေဒင်ဟောခန်းများလည်းရှိပါသည်။ တောင်ဘက်မုခ်ဝ ဘိုးဘိုးကြီးနတ်နန်းအနီးတွင်လည်း ဗေဒင်ဟောခန်းများရှိပါသေးသည်။ရင်ပြင်တော်အနောက်ဘက်ရှိ လိပ်ကန်အနီးတွင်လည်း ဗေဒင်ဟောခန်းနှင့် စားသောက်ဆိုင် ရှိပါသေးသည်။ စေတီတော်ကြီး၏ အနောက်တောင်ဘက် ရှိ ဝင်ပေါက်မှ မလှမ်းသောနေရာတွင် စားသောက်ဆိုင်တန်းလေး တစ်ခုရှိပါသေးသည်။