ပွဲတော်များ

နေမင်းပူဇော်ပွဲ

မြန်မာလူမျိုးတို၏ ရိုးရာဖြစ်သော ဆယ့်နှစ်လရာသီပွဲတော်များရှိရာ မဟာဝိဇယစေတီတော်မြတ်ကြီးတွင်လည်း အချိန်အခါအလိုက် ပွဲတော်များ နှစ်စဉ်ကျင်းပကြသည်။ ကျင်းပသည့်အခါတိုင်းမှာလည်း ဘုရားဖူးဧည့်သည်တော်များဖြင့် စည်ကားလှသည်။ မဟာဝိဇယစေတီတော်၏ ပွဲတော်များအနက် အထူးခြားဆုံးမှာ မဟာဘာနုရာဇာနေမင်း ပူဇော်ပွဲပင်ဖြစ်သည်။ နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပလေ့ရှိပြီး ဘုရားဖူးဧည့်သည်တော်များ ကြိတ်ကြိတ်တိုး စည်ကားတတ်သည်။