ဓမ္မာရုံများ

မဟာဝိဇယစေတီတော်ဝန်းထဲတွင် ကြီးကြယ်ခမ်းနားပြီး ကျက်သရေရှိလှသော ဓမ္မာရုံများလဲရှိပါသေးသည်။ စေတီ၏ အရှေ့ဘက်မုခ်နားတွင် ဓမ္မရက္ခိတ ဓမ္မာရုံရှိသည်။ စေတီ၏ အရှေ့မြောက်ဘက်ထောင့် နားတွင် သထုံဓမ္မာရုံနှင့် ပို့ဆောင်ဆက်သွယ်ရေး ဓမ္မာရုံများရှိပါသည်။