ဗောဓိညောင်ပင်

  မဟာဝိဇယစေတီတော်တွင် ပရိဘောဂစေတီများအဖြစ်စိုက်ပျိုးကိုးကွယ်ထားသော ဗောဓိညောင်ပင် သုံးပင်ရှိသည်။ စေတီတော်ကြီး၏ တနင်္ဂနွေထောင့်(အရှေ့မြောက်ထောင့်) တွင် နိုင်ငံကျော်စိတ်မနောအာရုံ အကြားအမြင်ဆရာမကြီး ဒေါ်အေးမိုးမိုးမှ စိုက်ပျိုး ပူဇော်ထားသော ဗောဓိညောင်ပင်၊ အင်္ဂါထောင့်(အရှေ့တောင်ထောင့်)တွင် သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်စိုက်ပျိုးထားသော ဗောဓိညောင်ပင် နှင့် ဗုဒ္ဓဟူးထောင့်(တောင်ဘက်ထောင့်) ဘိုးဘိုးကြီးနတ်နန်းအနီးတွင် တည်ရှိကြသည်။

အရှေ့တောင်ထောင့်ရှိ ဗောဓိညောင်ပင်

အရှေ့တောင်ထောင့်ရှိ ဗောဓိညောင်ပင်

 ရန်ကုန်မြို၊ ဓမ္မရက္ခိတကုန်းတော်ရှိ သံဃာ့အစည်းအဝေးကြီးထမြောက်အောင်မြင်ခြင်းနှင့် ဂိုဏ်းပေါင်းစုံသံဃာတော်များ ညီညွတ်မှုရခြင်း အထိမ်းအမှတ်အဖြစ် မဟာဝိဇယစေတီတော် မြတ်အား တည်ထားကိုးကွယ်မည်ဟု ဆုံးဖြတ်လေလျှင် မဟာဗောဓိပင်ပျိုမြတ်ကိုလည်း ပရိဘောဂစေတီကြီးတစ်ဆူအဖြစ် တည်ထားကိုးကွယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် သီရိလင်္ကာ နိုင်ငံမှ ဗောဓိပင်ပျို သုံးပင်ကို မြန်မာနိုင်ငံသို ပင့်ဆောင်ခဲ့ပြီး တစ်ပင်ကို မဟာဝိဇယစေတီတော်၏ အရှေ့တောင်ထောင့်အရပ်တွင် စိုက်ပျိုးထားခဲ့သည်။

အရှေ့မြောက်ထောင့်ရှိ ဗောဓိညောင်ပင်

အရှေ့မြောက်ထောင့်ရှိ ဗောဓိညောင်ပင်

 နိုင်ငံကျော်စိတ်မနောအာရုံ အကြားအမြင်ဆရာမကြီး ဒေါ်အေးမိုးမိုးမှ ဗုဒ္ဓဂါယာ နိုင်ငံမှ ရူပီ(၅၀၀)ဖြင့်ဝယ်ယူထားသော ညောင်ပင်ပေါက်လေးအား အဘဘိုးမင်းခေါင် အိမ်မက်ပေးသောကြောင့် ဂေါပကအဖွဲထံခွင့်တောင်း၍ မဟာဝိဇယစေတီတော် တနင်္ဂနွေထောင့်တွင် စိုက်ပျိုးထားခဲ့ပါသည်။

တောင်ထောင့်ရှိ ဗောဓိညောင်ပင်