အပရာဇိတပလ္လင်တော်

လိုဏ်ဂူတော်ကြီး၏အလယ်တွင် အပရာဇိတပလ္လင်တော်ကြီး ရှိပါသည်။ ထိုပလ္လင်တော် ကြီးကို မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ စကျင်ကျောက်တောင်မှ (၄၅)တန်လေးသော စကျင်ကျောက်တုံးကြီးကို ရန်ကုန်မြို့သို့ ပင့်ဆောင်ပြီး ပလ္လင်ပြုလုပ်ထားပါသည်။ အပရာဇိတ ပလ္လင်တော်ကြီးတွင် အောက်ခြေပလ္လင်တော် (၈)ခန်း၊ ရုပ်ပွားတော် (၈)ဆူနှင့် ကျောက်ကလပ် တော်များကို တစ်ဆက်တည်း၊ တစ်စပ်တည်း ထူးခြားအံ့ဖွယ်ရာ၊ မြန်မာ့အနုလက်ရာပညာရှင် တို့က ပန်းတမော့ပညာဖြင့် ကန်တော့ပန်းဆင်၍ ထုလုပ်ထားခြင် ဖြစ်ပါသည်။ အပရာဇိတ ပလ္လင်တော်တွင် အဓိကအပိုင်း (၃)ပိုင်းပါရှိပါသည်။ အောက်ခြေပလ္လင်တော်များအပိုင်း၊ ဗုဒ္ဓ ဆင်းတုတော်များအပိုင်းနှင့် ကျောက်ကလပ် ပိုင်းတို့ဖြစ်ပါသည်။ အပရာဇိတပလ္လင်တော်မှာ ရှစ်မြှောင့်ပုံဖြစ်ပါသည်။
အပရာဇိတပလ္လင်တော် အောက်ခြေတွင် ပလ္လင်(၈)ခန်းနှင့် ထိုပလ္လင်များအပေါ်တွင် ဂေါတမမြတ်စွာဘုရား နှင့် ဗျာဒိတ်ခံဆုယူမြတ်စွာဘုရား (၇)ဆူ၊ စုစုပေါင်း မြတ်စွာဘုရား (၈)ဆူတို့၏ ရုပ်ပွားတော်များကို ထုလုပ်ကိုးကွယ်ထားပါသည်။ ထုလုပ်ကိုးကွယ်ထားပါသည်။ သက်ဆိုင်ရာပလ္လင်အလိုက်၊ သီးခြားမုဒြာများဖြင့် ပလ္လင်(၈)ခန်းတွင် အရပ်မျက်နှာအလိုက် စံပယ်နေဟန်ဖြင့် ဖူးမြော်သူတို့အဖို့ ကုသိုလ်ယူကြည်ညိုဖွယ်ဖြစ်အောင် ထုလုပ်ထားပါသည် ။