ကြေညာချက်

လှူဒါန်းမှုဆိုင်ရာများ

စေတီတော်သို့ လာရောက်ဖူးမြော်သော ဘုရားဖူးဧည့်သည်တော်များအနေဖြင့် စေတီတော်အတွက် ရွှေသင်္ကန်း၊ လျှပ်စစ်မီး၊ ဆီမီး၊ ရေချမ်း၊ ဘက်စုံ ဝေယာဝစ္စ အတွက် အလှူငွေများ စေတနာ သဒ္ဓါတရား နည်းများမဆို လှူဒါန်း၍ ကောင်းမှုကုသိုလ်ပြုနိုင်ပါသည်။
သတိပြုဖွယ်ရာများ
ဘုရားဖူးဧည့်သည်တော်များအနေဖြင့် အောက်ဖော်ပြပါ သတိပေးတားမြစ်ချက်များကို လေးစားလိုက်နာသင့်ပါသည်။

လိပ်ကန်ကြေငြာချက်

ဂေါပကအဖွဲ့ ကြေညာချက်









လိပ်ကန်ကြေငြာချက်
ငါးလုပ်ငန်းဦးစီးဌာနသည် အောက်ပါငါးများကို စုဆောင်းခြင်း ရောင်းချခြင်း၊ မွေးမြူခြင်း၊ သဘာဝမြစ်ချောင်းများ၊ အင်းအိုင်ကန်များ အတွင်းသို လွှတ်ခြင်း မပြုရ။ ၁။ အာဖရိကငါးခူ ၂။ စုပ်ခွက်ငါး ၃။ ပြည်ပငါးရံ့ ၄။ ငါးကျီး ကျူးလွန်ပါက ငါးမွေးမြူခြင်းဆိုင်ရာဥပေဒပုဒ်မ(၃ဝ)အရ ငွေဒဏ်ကျပ် - ၁ဝဝဝဝ အထိ ဖြစ်စေ၊ ထောင်ဒဏ် (၁)နှစ်ဖြစ်စေ ၊ ပြစ်ဒဏ်(၂)ရပ်လုံးဖြစ်စေ ကျခံစေရမည့်အပြင် အကျုံးဝင်သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။ အထက်ဖော်ပြပါ ငါးများသည် သားစားကျူးသည့် ငါးများဖြစ်၍ ကျောင်းကန်အတွင်း ကုသိုလ်ယူ လွတ်ခြင်းသည် အခြားသော ငါးများ အချိုသော လူများကို အသက်ဘေးအထိ ထိခိုက်စေနိုင်သောကြောင့် မလွှတ်ကြပါရန် နှင့်အခြားသတ်မှတ်ထားသော ငါးများကိုသာ လွှတ်ခြင်း ဖြင့် ကုသိုလ်ယူကြပါရန် အကျိုးမျှော်တိုက်တွန်း အထူးမေတ္တာရပ်ခံအပ် ပါသည်။ ငါးသားပေါက်ရောင်းချသော ဈေးသည်များကလည်း လိုက်ပါ ဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။
ဂေါပကအဖွဲ့ ကြေညာချက်
စေတီတော်ကြီး အတွင်း အိပ်စက်ခြင်း ၊ ခိုက်ရန် ဖြစ်ပွားခြင်း ၊ စကားကျယ်လောင်စွာ ပြောဆိုခြင်း၊ သီချင်းဖွင့်ခြင်း စသည့် အ- ဂါရဝ မှုများအား မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုနှင့်မကိုက်ညီသောဝတ်စားဆင်ယဉ်မှုများဖြစ်သည့် ဘောင်းဘီအတို၊ စကပ်အတို၊ အင်္ကျီလည်ဟိုက်များ မဝတ်ရန်မေတ္တာရပ်ခံအပ်ပါသည်။
ဧည့်လမ်းညွှန်ဆိုင်ရာ


စေတီတော်ကို လာရောက်ဖူးမြော်လိုသော ဘုရားဖူးဧည့်သည်တော်များအနေဖြင့် YBS နံပါတ် ၈၊ ၁၁၊ ၇၇ စသော ယာဉ်လိုင်းများအားစီးနင်းပြီး ရွှေတိဂုံဘုရား တောင်ဘက်မုခ် မှတ်တိုင်တွင် ဆင်းနိုင်ပါသည်။

မဟာဝိဇယစေတီတော် လမ်းညွှန်


မဟာဝိဇယစေတီတော်ကြီးတွင် မသန်စွမ်း ဘုရားဖူးဧည့်သည်တော်များ အခက်အခဲမရှိဖူးမြော်နိုင်စေရန်အတွက် ဂေါပကအဖွဲမှ ဝှီးချဲများ အတက်အဆင်းပြုလုပ်ရာတွင် လွယ်ကူစေရန် စီမံဆောင်ရွက်ထားသည်။