မြန်မာနိုင်ငံနှင့်ဗုဒ္ဓဘာသာ


သံဃာဂိုဏ်းကွဲများ
မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီး သာသနာသက္ကရာဇ် ၁ဝဝ သို့ရောက်သောအခါ တွင်မူကား ရဟန်းသံဃာများအကြား အတွေးအခေါ်ပြောင်းလဲမှုများရှိလာကာ ဝေသာလီပြည်မှ ရဟန်းတို့က ဘုရား၏ ဝိနည်း ၁ဝ ချက်ကို ပြင်ဆင်ကျင့်သုံး၏။ ထိုအခါ အရှင်မဟာယသမထေရ်က ဝေသာလီပြည် မဟာဝုန်ကျောင်းတိုက်သို့ ခရှင်မဟာ ဝိနည်းတော်နှင့်အညီနေထိုင်ကြရန် ပြောဆိုလေလျှင် ဝေသား သွားရောက်တာ ဘုရားဟော ရဟန်းတို့က ရှင်မဟ ရှင်မဟာယသအား သံဃာ့ဘောင်မှ ဝိုင်းပယ်မှု ဥက္ခေပနီယကံပြုကြ၏။
အရှင်မဟာယသသည် ဝေသာလီတိုင်းသား ရဟန်းများနှင့် သဘောထားမညီမှုကို မိမိနှင့် သဘောဘုရာရဟန်းတို့ကို စုစည်း၍ ဗုဒ္ဓဒေသနာတော်ကို ဒုတိယအကြိမ် အကြောင်းပြု၍ မိမိနှင့် သင်္ဂါယနာတင်ပွဲ ကျင်းပ၍ ကြွရောက်လာသော ရဟန်းတို့က – “ဗုဒ္ဓဘုရားရှင်၏ ဓမ္မဒေသနာ ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းမပြုဘဲ မူလအတိုင်း လက်ခံကျင့်သုံးရန်” ဆုံးဖြတ်ကြ၏။ ထိုသို့ သဘောတူညီမျှသော ရဟန်းအဖွဲ့ဂိုဏ်းကို တည်ထောင်ကာ နောင်ထိုဂိုဏ်း သည် ထေရဝါဒဂိုဏ်း အဖြစ်ထင်ရှားလာ၏။
ထိုသတင်းကိုကြားသောအခါ ဝေသာလီသားရဟန်းတို့သည် သဘောတူရာတူရာ သံဃာ တစ်သောင်းကိုစု၍ သီးခြားသင်္ဂါယနာတင်ပွဲကို ပြုလုပ်သည်။ မိမိတို့တင်သော သင်္ဂါယနာကို မဟာသံဂီတိဟုခေါ်၍ မိမိတို့သံဃာ့အဖွဲ့အစည်းကို မဟာသံဃိကဂိုဏ်း ဟုခေါ်သည်။ ထိုမှစ၍ သံဃာဂိုဏ်းများကွဲကြရာ ထေရဝါဒနှင့် ဒနှင့် မဟာသံဃိကဂိုဏ်းမကြီးများနှင့် ဂိုဏ်းကွဲ အားလုံးပေါင်းလျှင် ဂိုဏ်းပေါင်း ၁၈ ဂိုဏ်းရှိသည်။ ထိုဂိုဏ်းများအပြင် ပုဗ္ဗသေလိယဂိုဏ်း၊ အပရသေလိယဂိုဏ်း၊ ရာဇဂိရိကဂိုဏ်း၊ သိဒ္ဓိတ္ထိကဂိုဏ်း၊ ဟေမဝတိကဂိုဏ်း၊ ဝါဓိရိယဂိုဏ်း၊ ဥတ္တရာပထဂိုဏ်း၊ ဝေတုလ္လဂိုဏ်း၊ ဟေတုဝါဒဂိုဏ်းစသည်ဖြင့် ဆက်လက်ကွဲပြားကြောင်း ကထာဝတ္ထုအဋ္ဌကထာ၌ ပြဆိုထားသည်။
သက္ကတစာရေးဆရာကြီး ဘဗျ၏ မှတ်တမ်းတွင် ဝိဘဇ္ဇဝါဒီဂိုဏ်းသည်လည်းရှိ၏။ ထိုဂိုဏ်းသည် ထေရဝါဒပင်မဂိုဏ်းအတွက် အရေးပါသော ဂိုဏ်းတစ်ခုဖြစ်သည်။ ဤဂိုဏ်းများ သည် သာသနာနှစ် ၂၀၀-ခန့်အတွင်း ကွဲပြားခဲ့သော ဂိုဏ်းများဖြစ်သည်။ အသောကမင်း နန်းတက်ချိန်လောက်တွင် ဂိုဏ်းအသီးသီးတို့သည် ကိုယ့်အင်ကိုယ့်အားနှင့် ရှိနေကြရာ ယင်းတို့အထဲမှ ဝိဘဇ္ဇဝါဒီဂိုဏ်းသည် အသောကမင်းတရားကြီး၏မြှောက်စား ပူဇော်မှုကို ခံယူရသောဂိုဏ်းကြီးဖြစ်လာသည်။
မြန်မာပြည်၌သာသနာပြန့်ပွားခြင်း

ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီး နှစ်ပေါင်း ၂၃၅ နှစ်ကြာသောအခါ မဇ္ဈိမဒေသမှ တတိယသင်္ဂါယနာတင် သီရိဓမ္မာသောကမင်းကြီးကစေလွှတ်သော သာသနာ့ သံတမန်များဖြစ်ကြသည့် အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ်မြတ်တို့သည် သုဝဏ္ဏဘူမိသို့ ရောက်ရှိ၏။ ထိုအရှင်နှစ်ပါး၏ လမ်းညွှန်မှုဖြင့် ဥက္ကလာပမင်းကြီးနှင့် တဖုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့ တည်ထားသော ရွှေတိဂုံစေတီတော်မြတ်ကို ရှာဖွေရာ ပြန်လည်တွေ့ရှိ၏။ ထို့နောက် ခေတ်အဆက်ဆက်မင်းတို့သည် ဗုဒ္ဓသာသနာကို စောင့်ရှောက်ခဲ့၏။ မြတ်စွာဘုရားပွင့်တော်မူစဉ်နှင့် သက်တော်ထင်ရှားရှိစဉ် ကာလကပင် ဘုရားသာသနာ တော်သည်-သုဝဏ္ဏဘူမိဒေသ၊သုနာပရန္တဒေသ၊ရက္ခပူရဒေသများသို့ ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလင်းရောက်ရှိ၏။ မြတ်စွာဘုရားသည် ဝါတော်ရှစ်ဝါ၊ ဝါတော် ၁၇ ဝါ၊ ဝါတော် ၂၅ ဝါတို့တွင် သုဝဏ္ဏဘူမိသထုံပြည်သို့ လည်းကောင်း၊ ဝါတော် ၂ဝ တွင် သုနာပရန္တတိုင်းနှင့် ရက္ခပူရတိုင်းသို့ လည်းကောင်း ကြွချီတော်မူ၍ တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးကာ ကျွတ်ထိုက်သူတို့ကို ကျွတ်စေ၍ ဗျာဒိတ်စကားတို့ကို မှာကြားကာ ကိုယ်ပွားဆင်းတုတော်များ၊ ဆံတော်များ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီတော်များကို ထားရှိခဲ့သည်ဟု ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က မမှိတ်မသုန် ယုံကြည်ကြ၏။
သုဝဏ္ဏဘူမိသာသနာတော်
ဗုဒ္ဓသာသနာတော်သည် ဒဂုံနှင့်သထုံနှစ်ဒေသတွင်သာထွန်းကား တည်ရှိခဲ့သည်မဟုတ်၊ မွန်တို့ဌာနေ မွန်တို့မြေဖြစ်သော ထားဝယ်၊ မော်လမြိုင်၊ မုတ္တမ၊ မြောင်းမြစသည်ဖြင့် သုဝဏ္ဏ ဘုမ္မိတစ်တိုင်းလုံးတွင် ထွန်းကား၏။ မြန်မာနိုင်ငံ၌ စစ်မှန်သော ဗုဒ္ဓသာသနာတော် ထွန်းကား ရေးနှင့် ပတ်သက်ပါက သုဝဏ္ဏဘူမိမှ အရှင်မဟာဗုဒ္ဓဃောသ မထေရ်သည် ကျေးဇူးကြီးမား သော မထေရ်မြတ်ဖြစ်ပါ၏။ အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် ခရစ်နှစ် ၅ဝဝ ခန့် သာသနာနှစ် ၁ဝ၄၆ တွင် သီဟိုဠ်ကျွန်းသို့ သွားရောက်ကာ ပါဠိတော်သာရှိပြီး အဋ္ဌကထာမရှိ၊ အာစရိယ ဝါဒလည်း အကွဲကွဲအပြားပြားရှိသော ဗုဒ္ဓ၏တရားတော်များကို မဂဓဘာသာဖြင့် ရေးကူးပြီး သုဝဏ္ဏဘူမိသထုံပြည်သို့ ပြန်ခဲ့၏။ အရှင်မဟာဗုဒ္ဓဃောသသည် ပိဋကတ်သုံးပုံကို အကျဉ်းရုံးပြီး အဋ္ဌကထာနှင့်တကွ ဂါထာ ၁၄ဝ,ဝဝဝ ပမာဏရှိသော ဝိသုဒ္ဓိမဂ်ကျမ်းကိုပြုခဲ့၏။ အရှင်မဟာဗုဒ္ဓဃောသ၏ ကျေးဇူးတော်ကြောင့် ပိဋကတ်သုံးပုံသည် သထုံသို့ရောက်သည်။
သုနာပရန္တတိုင်း သာသနာတော်
သုနာပရန္တတိုင်းဟူ၍လည်းကောင်း၊ အပရန္တတိုင်းဟူ၍လည်းကောင်း ခေါ်ဆိုအပ်သော အရပ်ဒေသသည် မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်၏ အနောက်ဘက်ဒေသဖြစ်၏။ တစ်ဖန်ဧရာဝတီမြစ်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် အရှေ့မှအနောက်သို့စီးဆင်းလေရာ မြစ်၏ မြောက်ဖက်ပိုင်းကို သုနာပရန္တဟုခေါ်၍ တောင်ဘက်ကို တမ္ပဒီပဟုခေါ်သည်ဟုလည်းဆိုကြ၏။ မြတ်စွာဘုရားသည် ဝါတော်နှစ်ဆယ်တွင် သုနာပရန္တတိုင်းသို့ရောက်ရှိသည်ဟု စက်တော်ရာသမိုင်း၊ ကျောင်းတော်ရာသမိုင်း၊ သာသနာလင်္ကာရစာတမ်းနှင့် ဝံသဒီပနီစသော သမိုင်းစာတမ်း တို့ကဆို၏။ မြတ်စွာဘုရားကြွရောက်ခဲ့သည်ဆိုသော ဝါဏိဇ္ဇဂါမရွာ လယ်ကိုင်းကျောင်းတော်ရာ နေရာကို သက်ဆိုင်ရာမှ တူးဖော်သတ်မှတ်ထား၏။
ရက္ခပူရသာသနာတော်
မြန်မာနိုင်ငံအနောက်ပိုင်းကမ်းရိုးတန်းဒေသဖြစ်သော ရခိုင်ဒေသသည် ဗုဒ္ဓသာသနာ စောစီးစွာ ရောက်ရှိသောဒေသဖြစ်သည်ဟု သမိုင်းတို့ကဆို၏။ မြတ်စွာဘုရား၏ ဆံတော်ကို တဖုဿနှင့် ဘလ္လိကတို့ သယ်ဆောင်လာစဉ်ကပင် ဇေဋ္ဌဒီပကျွန်းခေါ် ရခိုင်ပြည်နယ် ဖရုံကာ ကျွန်းရှိ အဇ္ဈတ္တနဂရ အကောက်ဆိပ်သို့ရောက်လေသော် အကောက်ခွန်မင်းကြီးသည် ဆံတော် နှစ်ဆူကို ပင့်ယူထားကြောင်း အဆိုရှိရာ သာသနာတော်သည် ဥက္ကလာပထက်ပင် ရခိုင်သို့စော၍ ရောက်ရှိသည်ဖြစ်၏။ ရခိုင်တို့၏ဒေသဖြစ်သော ရက္ခပူရတိုင်းနဂရ ဓညဝတီပြည်ကြီးတွင် တကောင်းမင်းဆက် ဖြစ်သော ကံရာဇာကြီးမင်း၏ ၂၉ ဆက်မြောက်ဖြစ်သော စန္ဒသူရိယမင်းလက်ထက် မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၂၃ ခု ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သံဃာငါးရာနှင့်တကွ ဓညဝတီသို့ ကြွရောက်လာရာ ကစ္ဆပနဒီမည်သော ကုလားတန်မြစ်ထိပ်ရှိ သေလာဂီရိမည်သော ကျောက်တော်မြို့တောင်ထိပ်တွင် ဆင်းသက်ရပ်တန့်တော်မူသည်။ စန္ဒသူရိယမင်းကြီး၏ တောင်းပန်မှုကြောင့် မြတ်စွာဘုရားသည် နိမ္မိတရုပ်ပွားတော်ကို ထုလုပ်ကိုးကွယ်ခွင့်ပြုရာ ဝိသုကြုံနတ်သား၏ အစွမ်းဖြင့် မြတ်စွာဘုရားနှင့် တစ်ဆံခြည်မျှ မယွင်းရအောင် ထုလုပ်သည်ကို မြတ်စွာဘုရားက ရင်ငွေ့တော်ပေး၍ ညီတော်မဟာမုနိဟူသော ဘွဲ့အမည်ကို ပေးတော်မူသည်။ ရခိုင်လူမျိုးတို့သည် မဟာမုနိရုပ်ပွားတော်မြတ်ကိုသာ ပူဇော်ကိုးကွယ်သည်မဟုတ် အခြားသော ဘုရားစေတီအပေါင်းရှစ်သောင်းကိုပါ တည်ထားကိုးကွယ်လျှင် ဗုဒ္ဓဘာသာ အယူဝါဒတစ်ခုတည်း၌ တစိုက်မတ်မတ် ကိုးကွယ်မှုကြောင့် ရခိုင်ဒေသ၌ ဗုဒ္ဓဘာသာသာသနာ အုတ်မြစ်သည် အခြေခံခိုင်မာလွန်းလှ၏။
သီရိခေတ္တရာသာသနာတော်
ပြည်မြို့ အရှေ့တောင်ဘက်ငါးမိုင်ခန့်အကွာတွင်ရှိသော မှော်ဇာရွာကို ဗဟိုပြုနေသော နေရာသည် သီရိခေတ္တရာ (သရေခေတ္တရာ) မြို့ဟောင်းနေရာဖြစ်သည်။ ဣသိနဂရ သို့မဟုတ် ရသေ့မြို့ဟုလည်းခေါ်၏။ ရသေ့မြို့သည် တကောင်းမင်းသတိုးမဟာရာဇာ၏ ညီတော်ခေပဒူတ ရသေ့ ရဟန်းပြုနေရာအရပ်ဖြစ်၏။ မင်းကား တကောင်းမျိုးရိုး မဟာသမ္ဘဝဖြစ်၏။ သရေခေတ္တရာမြို့ကို လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်ထောင်သည်ဟု ရှေးဟောင်းသုတေသန ပညာရှင်တို့ကဆို၏။ သရေခေတ္တရာသည် ပျူတို့နေထိုင်ရာဒေသဖြစ်၍ ပျူမင်းများစိုးစံချိန်ကပင် သာသနာတော် ထွန်းကား၏။ သရေခေတ္တရာမြို့ဟောင်းမှ တူးဖော်ရရှိသော ရွှေပေချပ်၊ ငွေပေချပ်များ၊ ရဟန္တာရုပ်တု ရုပ်ကြွင်းများကြောင့် ပျူခေတ်ကပင် အထက်မြန်မာနိုင်ငံ ပျူတို့ နေထိုင်ရာ သရေခေတ္တရာနိုင်ငံတော်တွင် ဗုဒ္ဓဘာသာ ထွန်းလင်းလျက်ရှိကြောင်း အခိုင်အမာ သိရသည်။ အေဒီ ၁၈၉၇ တွင် ကမ္ပည်းကျောက်စာဝန် ဒေါက်တာဖော်ချမ်းမားသည် သရေခေတ္တရာ မောင်ကန်ရွာမှ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် အသုံးပြုသော တေလဂူကနဋိအက္ခရာများဖြင့် ရေးထိုးထားသော ပါဠိဘာသာရွှေချပ် နှစ်ချပ်ကိုတွေ့ခဲ့သည်။ ပထမရွှေပေချပ်တွင် ဝိနည်း မဟာဝါပါဠိတော် ယေဓမ္မာဟေတုပ္ပဘဝါ အစချီဂါထာနှင့် ဗောဓိပက္ခိယတရား ၃၇ ပါးပါရှိ၍ ဒုတိယရွှေပေချပ်တွင် ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါးပါရှိသည်။ ၁၉၁ဝ တွင် ဘောဘောကြီး ဘုရား၏ခြေရင်းမှ အဘိဓမ္မာပိဋကတ်၊ ဝိဘင်းပါဠိတော် လာ ဗုဒ္ဓဝစန ဗုဒ္ဓ၏ ဒေသနာတော်ရေးထိုးထားသော သုံးပိုင်းကျိုးနေသော ကျောက်စာချပ် တစ်ခုကို တွေ့ရ၏။ ခရစ်နှစ် ၁၉၂၆ တွင် သရေခေတ္တရာမြို့ဟောင်း ကုလားကန်ကုန်း ရွာအနီး ဦးခင်ဘ၏ ယာနှင့်ကပ်လျက်ရှိသောကုန်းမှ မစ္စတာဒူရွိုင်ဆယ်က ရွှေချပ် ၂၀ ကိုတွေ့ရှိရာ ထိုရွှေချပ်များတွင် ပါဠိပိဋကတ်တော်မှ ပဋိစ္စသမုပ္ပာဒ်၊ အနုလုံပဋိလုံ၊ ဝိပဿနာဉာဏ်စဉ်ခုနစ်ပါး၊ ဗောဓိပက္ခိတရား ၃၇ ပါး၊ ဝေသာရဇ္ဇတရား ၄ပါး၊ ဗုဒ္ဓ ဉာဏ်တော် ၁၄ ပါး၊ ဓမ္မပဒကျမ်းလာအမြတ်ဆုံး တရား ၄ ပါး စသည်တို့ကို ပျူအက္ခရာများဖြင့် ရေးသားထားရာ ဆရာကြီး ဦးလူဖေဝင်းက “ရှေးအကျဆုံးလက်ရေးသာသနာတော်””ဟု မှတ်ချက်ချခဲ့ပါသည်။
ပုဂံသာသနာတော်
ပုဂံကိုသက္ကရာဇ် ၂၉ ခုနှစ် (ခရစ် ၁ဝ၈) တွင် သမုဒ္ဒရာဇ်မင်း ဦးဆောင်သော ပျူတစ်စုက ရွာ ၁၉ ရွာကို စုပေါင်းတည်ထောင်၏။ ထို့ကြောင့် ပျူတို့၏ ဂါမ၊ ပျူ+ဂါမ၊ ပျူဂါမမှ ပုဂံဖြစ်လာသည်ဟု ယူဆကြ၏။ မွန်တို့ကလည်း အလားတူ ပေါကာမ်-ပုကာမ် ဟုခေါ်၏။ ပုဂံမြို့သည် ချင်းတွင်းနှင့် ဧရာဝတီမြစ်တို့ဆုံရာ အောက်ဘက်မိုင် ၂ဝ ခန့်အကွာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိ၏။ ပုဂံမြို့သည် ၁၆ စတုရန်းမိုင်ကျယ်ဝန်း၍ လက်ညှိုးထိုးမလွဲ ဘုရား တန်ဆောင်း စေတီပုထိုး ဂူကျောင်းပြာသာဒ်တို့ရှိ၏။ ပုဂံရှိဘုရားများကို လှည်းဝင်ရိုးသံတညံညံ၊ ပုဂံဘုရားပေါင်းဟုပင် အဆိုရှိ၏။ တရုတ်ပြေးမင်းလက်ထက် မွန်ဂို စစ်သည်တို့ ရောက်ရှိရာတွင် ခံတပ်ပြုရန် ဂူကြီးတစ်ထောင်၊ ဂူငယ်တစ်သောင်း၊ ကုလားကျောင်း သုံးထောင်ကို ဖျက်ဆီး၍ ခံတပ်ပြုလုပ်သည်ဟုဆို၏။ ၁၉၇၃ ခုနှစ်၊ ရှေးဟောင်းသုတေသနဦးစီးဌာနက ရေတွက်ထားရှိသော ရှေးဟောင်း အဆောက်အအုံပေါင်းမှာ “ကျောက်ကြီးအုတ်နီ”ဖြစ်ပြီး အရေအတွက်မှာ ၂၂၁၇ ဆူ ဖြစ်၏။ ပုဂံမြို့ကြီးကောင်းစားစဉ်က သာသနိကအဆောက်အအုံများ ဘုရားပုထိုးစေတီတော် များဖြင့် ဗုဒ္ဓသာသနာတော်ရောင်ဝါထွန်းလင်းလျက် ပုဂံမြို့ကြီးမှာ ကြက်ပျံမကျ စည်ကား၏။ ပုဂံတွင် သာသနိက အဆောက်အအုံတို့မှာ ပုံစံအမျိုးမျိုး ဗိသုကာလက်ရာအဖုံဖုံရှိ၏။ ပုဂံသည် သရေခေတ္တရာ၏ သပ်စီပေါင်းကူး ဗိသုကာပညာကို အသုံးပြု၍ ပိုမိုတိုးတက်အောင် တီထွင် အသုံးပြု၏။ ပုဂံတွင် ပျူနှင့်မွန်တို့ ဗိသုကာပညာရပ်နှစ်ခုစလုံးကို လက်ခံ အသုံးပြုတည်ဆောက် သည်။ ပုဂံမြို့တော်ကြီးသည် အရှေ့တောင်အာရှတွင် ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် လူသိများ ထင်ရှား၍ ပါဠိ ပိဋကတ်စာပေများကို မပြတ်ပို့ချရာ တက္ကသိုလ်ကြီးအဖြစ် ယုံကြည်ကြ၏။ ပုဂံသည် အိန္ဒိယနိုင်ငံ၏ တက္ကသီလ၊ နလန္ဒတက္ကသိုလ်ကြီးများကဲ့သို့ ဗုဒ္ဓဘာသာသာသနာ ရောင်ဝါ တောက်ပထွန်းလင်း၍ နေလပမာရှိသောအရပ်ဖြစ်သည်။ ပုဂံသည် ခရစ်နှစ် ၁၃၇ဝ မှစ၍ ထီးနန်းပျက်သုဉ်းခဲ့သော်လည်း ဗုဒ္ဓသာသနာတော်သည် ပျက်သုဉ်းပျောက်ကွယ်သွားမှုမရှိဘဲ အင်းဝ၊ ကုန်းဘောင်ခေတ်များတိုင် ဆက်လက်ထွန်းကား လာခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်၏။
မြန်မာနိုင်ငံရှိထေရဝါဒဂိုဏ်းခွဲများ

ပုဂံသို့ အရှင်အရဟံကြွရောက်လာသောအခါ အရှင်အရဟံနှင့် အနော်ရထာမင်းတို့၏ ဦးစီး သာအခါ အရှင်အရဟံနှင့် အနော်ရထာ ဦးဆောင်မှုဖြင့် သံဃာ့ဂိုဏ်းတစ်ခုတည်းသာရှိခဲ့၏။ ထိုသံဃာဂိုဏ်းမှာ ထေရဝါဒသံဃာ ဂိုဏ်းဖြစ်၏။ အရည်းကြီး သာသနာပေါ်ပေါက်ရာဖြစ်သော သမတိဂိုဏ်း (သမ္မိတိယဂိုဏ်း)သည် ရဟန်းတရားမဟုတ်သည်တို့ လိုက်စားခြင်းတို့ကို အနော်ရထာမင်းသည် တိုက်ဖျက်ပြီး သာသနာတော်သန့်စင်ရေးကို ဆောင်ရွက်၏။
အနော်ရထာမင်း၏ သာသနာတော်သည် ကျန်စစ်သား၊ အလောင်းစည်သူမင်းများ လက်ထက်တွင် အကွဲအပြားမရှိ တည်ရှိခဲ့သော်လည်း နရပတိစည်သူမင်းလက်ထက်တွင် သီဟိုဠ်မှပြန်လာသော သံဃာ့အဖွဲ့တစ်ဖွဲ့က ဆရာစွဲဖြင့် သံဃာ့ကံပြုရာမှ ပုဂံတွင် ပူရိမသံဃာဂိုဏ်းနှင့် ပစ္ဆာသံဃာဂိုဏ်းတို့ပေါ်လာသည်။
ပုရိမသံဃာဂိုဏ်းသည် ရှင်အရဟံထူထောင်သော ရှေးဦးသံဃာဂိုဏ်းဖြစ်၍ ပစ္ဆာသံဃာ တင်သောဂိုဏ်းဖြစ်၏။ ဂိုဏ်းသည် အရှင်ဆပဒမထေရ် ထူထောင်သောဂိုဏ်းဖြစ်၏။ အရှင်ဆပဒသီဟိုဠ်သို့သွားခဲ့ရာ အပြန်တွင် ပုဂံသို့ အရှင်သီဝလ၊ အရှင်တာမလိန္ဒ၊ အရှင်အာနန္ဒာနှင့် အရှင်ရာဟုလာတို့အား ပင့်လာ၏။ ထိုသံဃာတော်များသည် မိမိတို့ဘာသာ သီးခြားသံဃာ့ကံပြု၍နေရာ ပစ္ဆာသံဃာဂိုဏ်း ပေါ်ပေါက်လာသည်။ ထိုမှစ၍ ခေတ်အဆက်ဆက်တွင် သံဃာဂိုဏ်းများကွဲပြားကြ၏။
ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံတော်က အသိအမှတ်ပြုထားသော ဂိုဏ်းကြီး ၉ဂိုဏ်း ရှိ၏။ ထိုဂိုဏ်းကြီး ၉ ဂိုဏ်းမှာ မဟာယာနနှင့် ထေရဝါဒကွဲသလို တရားဓမ္မဆိုင်ရာဝိနည်း စည်းကမ်းလိုက်နာမှုဆိုင်ရာတို့တွင် ကွဲပြားခြင်းမဟုတ်၊ ထေရဝါဒစည်းကမ်းဘောင်အတွင်းမှ အသေးအဖွဲ့ကိစ္စများတွင် လိုက်နာကျင့်သုံးမှု မတူခြင်းမျှသာဖြစ်၏။ ယင်းသံဃာဂိုဏ်းကြီး ၉ ဂိုဏ်းတို့မှာ သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ မဟာဒွါရဂိုဏ်း၊ မူလဒွါရဂိုဏ်း၊ အနောက်ချောင်းဒွါရဂိုဏ်း၊ ဝေဠုဝန်ဂိုဏ်း၊ ငှက်တွင်းဂိုဏ်း၊ ဂဏဝိမုတ်ဂိုဏ်း၊ မဟာရင်ဂိုဏ်း တို့ ဖြစ်ကြ၏။
ဗုဒ္ဓသာသနာတော် ၂၅၀ဝ ကျော်ပြီးသည့်နောက် မြန်မာနိုင်ငံတော်အစိုးရသည် သာသနာတော်သန့်ရှင်း တည်တံ့ပြန့်ပွားရေးနှင့် ဂိုဏ်းပေါင်းစုံ ညီညွတ်ရေးကိစ္စကို နိုင်ငံ့တာဝန် ကိစ္စတစ်ရပ်အနေနှင့် ဆောင်ရွက်ခဲ့သည်။ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးကြီးကို သက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း (၁၂)ရက် (၁၉၈ဝ ပြည့်နှစ် မေလ ၂၅) ရက်နေ့တွင် ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်တွင် ကျင်းပသည်။
ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး အောင်မြင်စွာ ကျင်းပခဲ့ခြင်းနှင့် ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်မှု အထိမ်းအမှတ်အဖြစ်ဖြင့် ရဟန်း၊ ရှင်လူ အများ ကြည်ညိုကိုးကွယ်ပူဇော်နိုင်ရန် နီပေါလ်ဘုရင်၏ ဓမ္မလက်ဆောင်ပဏ္ဏာတော်များဖြစ်သည့် နာဂစီဝရပဋ္ဌပဋိမာ ရုပ်ပွားဆင်းတုတော်၊ ပဉ္စဓာတုဝါဟနတိဘက်စေတီတော်၊ ဓာတ်တော်ကြုတ်များကို ထည့်သွင်းပူဇော်၍ မဟာဝိဇယစေတီတော် ကို ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်ကြီး၏ တောင်ဘက်၊ ဓမ္မရက္ခိတကုန်းမြေပေါ်၌ ၁၃၄၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (၂၇-၇-၁၉၈၀) နေ့ တနင်္ဂနွေနေ့ ည မင်္ဂလာအခါတော်ကျရောက်သည့် အချိန်တွင် ပြည်ထဲရေးဝန်ကြီးက ပန္နက်ချပြီး ၁၃၄၂ ခု၊ သီတင်းကျွတ်လပြည့် (၁၅)ရက်၊ (၂၄-၁၀-၁၉၈၀) နေ့၊ နံနက်ခင်္ဂလာအချိန်တွင် အုတ်မြစ်ချတည်ထားရန် ဆုံးဖြတ်သည်။