ဂန္ဓကုဋီတိုက်

ဂန္ဓကုဋီတိုက်တော်တွင် လိုဏ်ပတ်လမ်းနှင့်အတွင်း အာရုံခံလိုဏ်ဂူတော်ပါရှိပါသည်။ ဂန္ဓကုဋီတိုက်အတွင်းသို့ ဝင်ရန် အဝင်မုခ်ပေါက်များ ၈ ပေါက်ရှိပါသည်။ အဝင်မုခ်ပေါက်များ၏ အမိုးများမှာ အခုံးပုံသဏ္ဌာန်ဖြစ်ပြီး မျက်နှာကြက် အခုံးတွင် နာမည်ကျော် ပန်းချီဆရာကြီးများ၏ ဗုဒ္ဓမြတ်စွာဘုရားက မေတ္တာဓာတ်ဖြင့် အောင်မြင်တော်မူခဲ့သည့် အောင်ခြင်းရှစ်ပါး ဆေးရေးပန်းချီပုံများကို ရေးဆွဲထားသည်။

စေတီတော်ကြီး၏ အတွင်းအာရုံခံလိုဏ်ဂူ ပတ်လမ်းသည် ၁၃ ပေခွဲ အကျယ်ရှိသည်။ လိုဏ်ပတ်လမ်းကို လက်ယာရစ်ပတ်မည်ဆိုပါက လက်ဝဲဘက်ရှိ အဝင်မုခ်ပေါက်တစ်ခုနှင့် တစ်ခုကြားတွင် ပြခန်းတစ်ခုစီဖြင့် ပြခန်း ၈ ခန်းရှိပါသည်။ အဆိုပါ ပြခန်းများတွင် မြတ်စွာ ဘုရားထင်ရှားရှိစဉ်က ဗျာဒိတ်တော်ပေးခဲ့သည့်နေရာများမှ စေတီပုထိုးများ၊ ပျူခေတ်မှ ရတနာပုံခေတ်ထိ စေတီပုထိုးများ၊ ရုပ်ပွားဆင်းတုတော်များနှင့် တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များမှ တန်ခိုးကြီးသော စေတီပုထိုးတော်များနှင့် ရုပ်ပွားဆင်းတုတော်များကို ပုံတူငယ် များဖြင့် ပြသထားပါသည်။

မာရ်နတ်ကို အောင်မြင်တော်မူခြင်း

နန္ဒေါပနန္ဒနဂါးမင်းကိုအောင်မြင်တော်မူခြင်း

သစ္စကပရဗိုဇ်ကို အောင်မြင်တော်မူခြင်း

ဗကဗြဟ္မာကြီးကိုအောင်မြင်တော်မူခြင်း

အင်္ဂုလိမာလကိုအောင်မြင်တော်မူခန်း

စိဉ္စမာနကို အောင်မြင်တော်မူခြင်း

အာဠာဝကဘီလူးကို အောင်မြင်တော်မူခြင်း

နာဠာဂီရိဆင်ကိုအောင်မြင်တော်မူခြင်း