လှိုဏ်ပတ်လမ်း

စေတီတော်ကြီး၏ လှိုဏ်ပတ်လမ်းအတွင်း လှည့်လည်ဖူးမြော်ခြင်းဖြင့်၊ မြန်မာပြည် တစ်ပြည်လုံးရှိ ပြည်နယ်နှင့်တိုင်းအလိုက်၊ တန်ခိုးကြီးစေတီတော်များ၊ ပုထိုးတော်များနှင့် ဗုဒ္ဓဆင်းတုတော်များကို ပြခန်း(၈)ခန်း အတွင်း တစ်ချိန်တည်းတစ်နေရာတည်း၌ အံ့ဩ ကြည်နူးဖွယ် ဖူးမြော်နိုင်ပါသည်။ လှိုဏ်ပတ်လမ်းအပြင်ဘက် နံရံတွင် ပြခန်း(၈)ခန်းကို အောက်ပါအကြောင်းအရာများအတိုင်း ပူဇော်ထားရှိပါသည်
(က) အခန်း (၁) ။ မြတ်စွာဘုရားထင်ရှားရှိစဉ်က ဗျာဒိတ်တော်ပေးခဲ့သည့် နေရာမှ စေတီပုထိုးတော်များနှင့် ဆင်းတုတော်များ၊
(ခ) အခန်း (၂) ။ တကောင်း၊ ပျူ၊ သရေခေတ္တရာခေတ်မှ စေတီပုထိုးတော် များနှင့် ရုပ်ပွားဆင်းတုတော်များ၊
(ဂ) အခန်း (၃) ။ ပုဂံခေတ်မှ စေတီပုထိုးတော်များနှင့် ရုပ်ပွားဆင်းတု တော်များ၊
(ဃ) အခန်း (၄) ။ စစ်ကိုင်း၊ ပင်းယ၊ အင်းဝခေတ်မှ စေတီပုထိုးတော်များနှင့် ဆင်းတုတော်များ၊
(င) အခန်း (၅) ။ ပဲခူး၊ ဟံသာဝတီခေတ်မှ စေတီပုထိုးတော်များနှင့် ရုပ်ပွား ဆင်းတုတော်များ၊
(စ) အခန်း (၆) ။ စစ်ကိုင်း၊ ကုန်းဘောင်၊ ရတနာပုံခေတ်မှ စေတီပုထိုး တော်များနှင့် ရုပ်ပွားဆင်းတုတော်များ၊
(ဆ) အခန်း (၇) ။ တိုင်းရင်းသားများ နေထိုင်ရာပြည်နယ်များမှ စေတီပုထိုး တော်များနှင့် ရုပ်ပွား ဆင်းတုတော်များ၊
(ဇ) အခန်း (၈) ။ မျက်မှောက်ခေတ် (၁၉၈၆ ခုနှစ်ထိ) ရန်ကုန်တွင် တည် ဆောက်ပြုပြင်ခဲ့သော စေတီပုထိုးများနှင့် ရုပ်ပွားဆင်းတု တော်များ၊
လှိုဏ်ပတ်လမ်းအတွင်း နံရံဘက်တွင်လည်း အခန်း (၈) ခန်းဖွဲ့ပြီး၊ နီပေါနိုင်ငံဘုရင် မင်းမြတ်ထံမှ ဓမ္မပဏ္ဏာအဖြစ်ရရှိထားသော သစ်ထွင်းဗုဒ္ဓဝင်ပန်းချီကားချပ်များနှင့် စေတနာရှင် များလှူဒါန်းထားသော မုဒြာအမျိုးမျိုးဖြင့် မတ်ရပ်ကြေးဆင်းတုတော်များကိုလည်း ပူဇော်ထားပါ သည်။ အခန်းတစ်ခန်းတွင် သစ်ထွင်းဗုဒ္ဓဝင်ပန်းချီကား (၂)ချပ်နှင့် အဆိုပါပန်းချီကား (၂)ချပ်ကြားတွင် ဗုဒ္ဓကြေးဆင်းတုတော်ကို ပူဇော်ထားရာ စုစုပေါင်း ဗုဒ္ဓဝင်သစ်ထွင်းပန်းချီကား (၁၆)ချပ်နှင့် မုဒြာတစ်မျိုးစီဖြင့် ရုပ်ပွားတော် (၈)ဆူတို့ကို ပူဇော်ပြသ ထားပါသည် ။