ဇရပ် နှင့် ဓမ္မာရုံများ

ဇရပ် နှင့် ဓမ္မာရုံများ


စေတီတော်အဝင် မုခ်ဦး
ကျိုက္ကလော့စေတီတော် ဝတ္တကမြေအတွင်းရှိသာသနိကအဆောက်အဦများ

သာသနာဝေပုလ္လ ဓမ္မာရုံ
စောင်းတန်းတော်ကြီး ဘေးကပ်လျက်ရှိပြီး ဩဝါဒစရိယ ဆရာတော်များ ၊ အလှူရှင်များ ၊ ဧည့်ပရိသတ်များအား ဧည့်ခံခြင်း ၊ မင်္ဂလာပွံ အခမ်းအနားကျင်းပခြင်း။

သာသနာ လင်္ကာရဓမ္မာရုံ
၂ ထပ် အဆောက်အဦဖြစ်ပြီး အောက်ထပ်တွင် ဂေါပကရုံး အပေါ်ထပ်တွင် ဘုရားဖူးများ နားနေဆောင်အဖြစ်ထားရှိပါသည်။

ဓမ္မစင်္ကြာဓမ္မာရုံ
စောင်းတန်းတော်ကြီး၏ (ဝဲ) ဘက်တွင်တည်ရှိပါသည်။

စေတီတော် စောင်းတန်းတော်ကြီး

အဘ ဘိုးမင်းခေါင် နန်းဆောင်နှင့် ဇရပ်
ဘိုးရာကျော် (ခ) မဟိန္ဒိထွဋ်ခေါင် စေတီအနီး တည်ရှိပါသည်။

မိဘကျေးဇူး ဇရပ်
စောင်းတန်းကန်တော်ကြီးဘေး စေတီတော်အရှေ့ဘက်မဟာရံတံတိုင်းနှင့် ကပ်လျက်တည်ရှိပါသည်။

စိန္တာမဏိစေတီနှင့်ပုညကုသလဓမ္မာရုံ
သမိုင်းဝင် ကျိက္ကလော့စေတီတော် ဝတ္တကမြေ ပေါက်ကုန်းရပ်ကွက် အတွင်းတည်ရှိပြီး ဉာဏ်တော်အမြင့် ၃၇ပေရှိ မြေစိုက်စေတီတော်ဖြစ်ပါသည်။

ဝိဇ္ဇာထွဋ်ခေါင် ဇမ္ဘူအေးစေတီနှင့်ဝိဇ္ဇာထွဋ်ခေါင်ဓာတ်နန်း
သမိုင်းဝင် ကျိက္ကလော့စေတီတော် ဝတ္တကမြေ ပေါက်ကုန်းရပ်ကွက် အတွင်းတည်ရှိပြီး ဉာဏ်တော်အမြင့် ၃၇ပေရှိ မြေစိုက်စေတီတော်ဖြစ်ပါသည်။

မြတ်စေတီနှင့်ဣစ္ဆာဿယဓမ္မာရုံ
သမိုင်းဝင် ကျိုက္ကလော့စေတီတော် ဝတ္တကမြေအတွင်း ထပရ(၃၂၃)တပ် စည်းရိုးဘေးတွင် တည်ရှိပြီး ဉာဏ်တော်အမြင့် ၁၈ပေ ၆လက်မရှိ မြေစိုက်စေတီတော်ဖြစ်ပါသည်။