ဘုန်းတော်ပွင့်စျာနမုဒြာ

ကျိုက္ကလော့စေတီတော်၏ ဘုန်းတော်ပွင့်စျာနမုဒြာ တည်ထားခြင်းနှင့် ပတ်သက်သော အကြောင်းအရာများ(၂)

တည်ဆောက်မည့်နေရာ မြေပြုပြင်ခြင်းများ ဆောင်ရွက်ခြင်း

၁၁-၉-၂၀၂၀ ရက်နေ့တွင် အင်ဂျင်နီယာအဖွဲများ ဖိတ်ခေါ်၍ မြေနေရာရွေးချယ်ခြင်း၊ မြေကြီးအမာခံရရှိရေး စမ်းသပ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ အင်ဂျင်နီယာအဖွဲ၏အကြံပြုချက်အရ နဂါးရုံဘုရားနှင့်ဆက်စပ်လျက်ရှိသော ကန်တော်မင်္ဂလာမြေထိန်းနံရံကို အလျားပေ(၁၀၀)အမြင့် မြေဝင်အပါအဝင်(၁၁)ပေ အမြင့်ထု(၂၄လက်မ+၁၈လက်မ+၁၄လက်မ)အုတ်ရိုးများပြုလုပ်ပြီး စတင်ဆောင်ရွက်ခဲ့ပါသည်။၁၇-၉-၂၀၂၀ရက်နေ့တွင် မြေကြီးပြုပြင်ခြင်းလုပ်ငန်းများကိုစတင်ဆောင်ရွက်ပါသည်။ ရုပ်ရှင်တော်တည်ဆောက်ရာတွင် မလွတ်သောသစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း ၊ ဆရာတော်ကြီးများနှင့် မူလဘုရားတကာတို၏ ကြိုတင်ခွင့်ပြုချက်ရရှိပြီးသော ကျိုက်ထီးရိုးလေးစေတီကိုလည်း မူလအမွေအနှစ်များရယူကာ ဖယ်ရှားခဲ့ပါသည်။ ရာသီဥတုဆိုးဝါးခြင်း ၊ မိုးရာသီသိုရောက်ရှိသောကာလာဖြစ်ခြင်း ၊ ကိုဗစ် ၁၉ ရောဂါပြင်းထန်စွာ ဖြစ်ပေါ်နေခြင်းကာလဖြစ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် နှေးကွေးလျက်ရှိပါသည်။ သိုသော်လည်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲသည် လုပ်ငန်းစဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် အင်ဂျင်နီယာအဖွဲများ ၊ ဗုဒ္ဓရုပ်ပွါးတော်တည်ထားခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ၊ ဆရာတော်ကြီးများနှင့် စဉ်ဆက်မပြတ် လျှောက်ထားတင်ပြခြင်း ၊ အကြံဉာဏ်များရယူခြင်းများကိုဆောင်ရွက်ပြီးနောက် မြေကြီးစမ်းသပ်ခြင်းလုပ်ငန်းကို(၂)ကြိမ်တိုင်ဆောင်ရွက်ခဲ့ပါသည်။ အဆောက်အဦရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မြေကြီးပြုပြင်ခြင်းလုပ်ငန်းများကိုလည်း စက်ယန္တရားများအကူအညီရယူခြင်း ၊ လူထုလုပ်အားပေးများ၏ အကူအညီကိုရယူခြင်းဖြင့် အချိန်နှင့် တပြေးညီကြိုးစားဆောင်ရွက်ခဲ့ပါသည်။ အလှူတော်ငွေရရှိရေးဆိုင်ရာကိစ္စရပ်များကိုလည်းအလှူရှင်များဖိတ်ခေါ်၍ ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ ရာသီဥတုပြင်းထန်ခြင်းကြောင့် မြေကြီးပြုပြင်ခြင်းလုပ်ငန်းများကို ခက်ခဲစွာဆောင်ရွက်ခဲ့ရပါသည်။ မြေကြီးအမာခံရရှိရေးအတွက် ပိုင်ရိုက်ခြင်းလုပ်ငန်း ၊ မက်ဖူတင်ချခြင်းလုပ်ငန်းများကို လြေလာစုံစမ်း၍ အင်ဂျင်နီယာ အဖွဲ၏ အကြံပြုချက်အရ ကုန်ကျစရိတ် နည်းမည့် မက်ဖူတင် လုပ်ငန်းက(Coiletest) ၏အဖြေအရ အနက်(၂၁)ပေသို အကျယ်(၄၆ပေ)+(၆၄ပေ)ရှိသောမြေကြီး ပြုပြင်ခြင်းလုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့ပါသည်။ မြေကြီး(၂၁)ပေ အောက်ခြေတွင် (၆+၉)လိပ်သဲကျောက်များခင်းခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး သဲများခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသဲများပေါ်တွင် လိုင်းကြမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ သမိုင်းဝင်ကျိုက္ကလော့စေတီတော်နှင့် ဆက်စပ်လျက်ရှိသော ကျိုက္ကလော့ကျောင်းသိမ်တော်ကြီးသည် ရုပ်ပွါးတော်တည်ထားရာတွင် ကုန်းတော်မှကန်တော်မင်္ဂလာသိုဆင်းသော အဆင်းလမ်း၏ အနောက်ဘက်တွင်တည်ရှိပါသည်။ သိမ်တော်ကြီးအရှည်တည်တံ့စေရန်မြေပြုပြင်ခြင်းကြောင့် ထိခိုက်ပျက်စီးမှု မရှိခြင်းနှင့် ကျိုက္ကလော့ဘုရားစောင်းတန်းတောင်ဘက်မှ ကန်တော်မင်္ဂလာသိုအဆင်းမြေလမ်း ထိန်းသိမ်းနိုင်ရန်အတွက် ကန်တော်မင်္ဂလာနှင့်သိမ်တော်ကြီးဆက်စပ်မြေနေရာတွင် မြေထိန်း နံရံတစ်ခုကို တည်ဆောက်ခဲ့ရပါသည်။ အဆိုပါမြေထိန်းနံရံကို ခေတ်မီသော နည်းစနစ်များ ၊ ဘုရားဖူးများနားနေရန် ကွန်ကရစ်ခုံများဖြင့်တင့်တယ်လှပစွာ ရေစီးရေလာကောင်းမွန်ရေးအတွက် တည်ဆောက်ခဲ့ပါသည်။
 

မြေသန့်ပန္နက်တင် တွင်းတော်ဝင်း အုတ်မြစ်တော်စီမင်္ဂလာ ကျင်းပခြင်း

၂၃-၁-၂၀၂၁ ရက်နေ့တွင် မြေသန့်မင်္ဂလာ၊ ပန္နက်တော်မင်္ဂလာ၊ တွင်းတော်မင်္ဂလာ၊ အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားကို ဩဝါဒါစရိယဆရာတော်ကြီးများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အလှူရှင်များ၊ နာယကကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်များ စုံလင်စွာဖြင့် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုနောက်တွင် ဂန္ဓကုဋီတိုက်တည်ဆောက်ခြင်း၊ စျာနမုဒြာရုပ်ပွားတော်မြတ်တည်ဆောက်ခြင်း၊ ယာယီစွန့်ထားသော ကျိုက်ထီးရိုးလေးစေတီတည်ဆောက်ခြင်း၊ မဇ္ဈိမဘိုးတော် မယ်တော်များ ဓာတ်နန်းများပြောင်းရွှေ့တည်ဆောက်ခြင်း၊ သာသနာပြုသံဃာတော် အရှင်သူမြတ်များ ပုံတော်ပူဇော်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဘုန်းတော်ပွင့်စျာနမုဒြာ ပုံသဏ္ဍာန်နှင့်ဖွဲစည်းပုံ

ဘုန်းတော်ပွင့်စျာနမုဒြာရုပ်ပွားတော်မြတ်၏ ဉာဏ်တော်(၃၆)ပေရှိ၍ ဒူးတော်အကျယ်မှာ(၃၄)ပေရှိပါသည်။ ရုပ်ပွားတော်မြတ်တည်ထားသည့်ပလ္လင်တော်၏အမြင့်မှာ (၁၈) လက်မရှိ၍ ကြာပန်းများဖြင့်ကြာပလ္လင်ဖြစ်ပါသည်။ ကြာပလ္လင်၏အောက်တွင်အလျား (၅၆)ပေ အနံ(၃၄)ပေ၊ အမြင့်(၁၃)ပေရှိ ဂန္ဓကုဋီ ဆောက်လုပ်ထားပါသည်။ ရုပ်ပွားတော်မြတ်အတွင်းဝမ်းစာမထည့်ဘဲ သံချည်သံကွေးဖြင့်သရိုးကိုင်ထားရှိပါသည်။ အဆောက်အဦပေါ်သို့ဖိအားနည်းနိုင်သမျှနည်းရန်အတွက် ပလ္လင်တော်ကို အမြင့်(၁၈) လက်မသာထားရှိခြင်းဖြစ်ပါသည်။ အဆောက်အဦပိုင်း နှင့်မြန်မာမှုပန်းပညာရှင်များနှင့် တိုင်ပင်ကာ ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒကိုနာခံလျက် ကြည်ညိုသပ္ပာယ်ဘွယ် ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူဖြစ်စေရန် ကြိုးစားဆောင်ရွက်ထားခြင်းဖြစ်ပါသည်။