ဘုရားစေတီများ

ဘုရားစေတီများ

056

စေတီတော်အာရုံခံတန်စောင်းအတွင်းရှိဗုဒ္ဓရုပ်ပွါးတော်များ

စေတီတော် ရင်ပြင်ပေါ်ရှိ စေတီတော်ကြီး၏ အရုဏ်ခံ တန်စောင်းအတွင်းတွင်ရှိပါသည်။

039

နောင်တော်ကြီးစေတီ(ခ)သိဒ္ဓိဝိဇ္ဇာကြီးအောင်တော်မူဆုတောင်းပြည့်စေတီ

သမိုင်းဝင်ကျိုက္ကလော့စေတီတော်ကုန်းတော် ရင်ပြင်စနေထောင့်တွင် တည်ရှိပြီး အောင်မြေနေရာဘေးတွင် ဉာဏ်တော် အမြင့် ၃၀ ပေရှိ မြေစိုက် စေတီတော်ဖြစ်ပါသည်။

094

အရန်စေတီ (၂၄)ဆူ

သမိုင်းဝင်ကျိုက္ကလော့ စေတီတော် ကုန်းတော်ရင်ပြင် အထက်ပစ္စယံတွင်တည်ရှိပြီး ဉာဏ်တော်အမြင့် ၁၃ပေရှိ အရန်စေတီ ၂၄ဆူဖြစ်ပါသည်။

047

ထီးတော်စေတီ

သမိုင်းဝင်ကျိုက္ကလော့စေတီတော် ကုန်းတော် ရင်ပြင် တနင်္ဂနွေထောင့်တွင် တည်ရှိပြီး ဉာဏ်တော်အမြင့် ၁၈ပေ ၆လက်မရှိ မြေစိုက်စေတီတော်ဖြစ်ပါသည်။

078

ကျိုက်ထိုးကြီးသိန်းမာလာစေတီ

သမိုင်းဝင်ကျိုက္ကလော့စေတီတော် စောင်းတန်းတော်ကြီး၏(ဝဲ)ဘက်တွင်တည်ရှိပြီး ဉာဏ်တော်အမြင့် ၁၈ပေ ၆လက်မ ရှိ မြေစိုက်စေတီတော်ဖြစ်ပါသည်။

081

ကျိုက်ထိုးကြီးသိန်းနန္ဒာစေတီ

သမိုင်းဝင်ကျိုက္ကလော့စေတီတော် စောင်းတန်းတော်ကြီး၏(ယာ)ဘက်တွင်တည်ရှိပြီး ဉာဏ်တော်အမြင့် ၁၈ပေ ၆လက်မ ရှိ မြေစိုက်စေတီတော်ဖြစ်ပါသည်။

006

ဘိုးရာကျော်(ခ)မဟိန္ဒိထွဋ်ခေါင်စေတီ

သမိုင်းဝင်ကျိုက္ကလော့စေတီတော် သောတာပန်ဇရပ် အနီးတွင်တည်ရှိပြီး ဉာဏ်‌တော်အမြင့် ၉ တောင် ပြည့်ရှိ မြေစိုက်စေတီတော်ဖြစ်ပါသည်။

073

အောင်ရတနာ အောင်စေတီ

သမိုင်းဝင်ကျိုက္ကလော့စေတီတော် ကန်တော်အထက်စောင်းတွင် တည်ရှိပြီး ဉာဏ်တော် အမြင့် ၁၃ပေ ၆လက်မရှိ မြေစိုက်စေတီတော်ဖြစ်ပါသည်။

011

ကျိုက်ထီးရိုးလေးစေတီ

ဘုန်းတော်ပွင့်ဈာနမုဒြာ ရုပ်ရှင်တော်မြတ်အနီး ကန်တော်အထက်တွင် တည်ရှိပြီး ဉာဏ်တော်အမြင့် ၉ပေ ရှိ မြေစိုက်စေတီတော်ဖြစ်ပါသည်။

013

သန္ဓိအောင်စေတီ

သမိုင်းဝင်ကျိုက္ကလော့စေတီတော် ကန်တော်အထက်တွင် ဘုန်းတော်ပွင့်ဈာနမုဒြာ ရုပ်ရှင်တော် မြတ်အနီးတွင်တည်ရှိပြီး ဉာဏ်တော်အမြင့် ၉ပေရှိ မြေစိုက်စေတီတော်ဖြစ်ပါသည်။

070

နဂါးရုံဘုရား

ကန်တော်မင်္ဂလာအားမေးတင်ထားသောဘုရားဖြစ်ပါသည်။