စေတီတော်ဆိုင်ရာ

ကျိုက္ကလော့စေတီတော်သမိုင်း

စေတီတော် ကုန်းတော် သမိုင်းအကျဉ်း

ကကုသန်မြတ်စွာဘုရားရှင်သည် ဟိမဝန္တာ တောင်စွယ် တောင်တန်းများပေါ် စင်္ကြန်လျှောက်တော်မူရာ၌ ဤတောင်တော်ထက် သို့ရောက်သောအခါ ဒေဝယက္ခ နတ်ဘီလူးနှင့် အပေါင်းပါတို့သည် ဤပုဂ္ဂိုလ်အားဝိုင်းဝန်း ဖမ်းဆီးကြလတ္တံ ၊ ထို့နောက် ထိုသူ ၏အသားကိုစားကြလတ္တံ ဟုကြွေးကြော်ပြီးနောက် ကကုသန်မြတ်စွာဘုရားရှင်အား ဝိုင်းဝန်း၍ ဖမ်းဆီးကြလေသည်။ မြတ်စွာဘုရားရှင် ၏ ဘုန်းတော် ကံတော် တန်ခိုးတော်တို့ကို မယှဉ်နိုင်၍ မြတ်စွာဘုရားအားဖမ်းဆီးခြင်းငှာမစွမ်းနိုင်ကုန် ၊ ထိုအခါ ဒေဝယန္တာဘီလူးသည် ဤပုဂ္ဂိုလ်အား ငါတို့ဖမ်းဆီးခြင်းငှာမစွမ်းနိုင်ကုန် ဤပုဂ္ဂိုလ်သည်ငါတို့ထက် သိဒ္ဓိရှိ ၏ ငါ ၏အစွမ်းဖြင့် ဤပုဂ္ဂိုလ်အားအမိဖမ်း၍ စားရအံ့ဟုတွေးတော၍ သင်လူသား သင်နှင့်ငါတန်ခိုး ပြိုင်ကြအံ့ ငါရှုံးသော် သင်လိုရာသွားစေမည် ၊ သင်ရှုံးသော် ငါတို့ ၏အစာဖြစ်ရခြေမည်ဟု ကတိပြုကြလေပြီးသော် ဒေဝယက္ခဘီလူးသည် ရှေးဦးစွာ မဟာသမုဒ္ဒရာ ကြမ်းပြင်အောက်၌ ပုန်းအောင်းနေလေ ၏၊ ပုန်းသည့်နေရာကိုဘုရားရှင်သည် ဒိဗ္ဒစက္ခုဖြင့်ကြည့်တော်မူ၍ အသင်ဒေဝယက္ခဘီလူး သင်ပုန်းအောင်းရာနေရာကိုငါတွေ့ပြီထွက်ခဲ့လော့ဟု မိန့်တော်မူ ၏ ၊ ဒေဝယက္ခဘီလူးမင်းသည် ရှေးဦးစွာအရှုံးပေးရလေသည်။ ထို့နောက်ကကုသန်ဘုရားရှင် ပုန်းမည့်အလှည်သို့ရောက်လေရာ ဘုရားရှင်သည် ဒေဝယက္ခ ဘီလူးမင်း ၏ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်၍ ပုန်းအောင်းနေလေ ၏။ ထိုအခါဒေဝယက္ခ ဘီလူးမငိးသည်စင်္ကြာဝဋ္ဌာတိုက်တစ်သောင်းအတွင်း ရှာဖွေပါသော်လည်း ကကုသန်ဘုရားရှင်အား မစွမ်းသာဘဲရှိနေသည်။ ဒေဝယက္ခဘီလူးမင်းသည် မြတ်စွာဘုရားရှင်အား အသင်လူသားထွက်ခဲ့လော့ ကျွန်ုပ် ပန်းပေးပါ ၏ သင်သည်ဘုန်းတော် ကံတော် တန်ခိုးတော်နှင့် ပြည့်စုံ၍ သင် ၏ရင်၌ဖြစ်သောတရားများကိုအကျွန်ုပ်တို့နာကြားလိုပါ ၏။ ကျွန်ုပ်နှင့်တကွ ဘီလူးအပေါင်းတို့အား သနားသည်းခံ ခွင့်လွတ်ပါဟုတောင်းပန်လေ ၏။ ထိုအခါမြတ်စွာဘုရားရှင်သည် ဒေဝယက္ခဘီလူး ၏ မျက်ခုံးမွေးပေါ် စင်္ကြန်လျှောက်ရာမှ ကိုယ်ရောင်ထင်ပပြလေပြီးသော် ဒေဝယက္ခဘီလူးမင်းနှင့်တကွ နောက်လိုက်အခြွေအရံအပေါင်းတို့သည် အကျွတ်တရားရ၍ သတ္တဝါများအသက်ကို သတ်ဖြတ်စားသောက်ခြင်းမှ ရှောင်ကြဉ်ကြလေ ၏။ ကကုသန်ဘုရားရှင် စတင်ပုန်းအောင်းသောနေရာကို မွန်ဘာသာဖြင့် ကလဲ့ ဟုခေါ်တွင်၍ ယခုကျိုက္ကလဲ့စေတီတော် ကုန်းတော်မူပြီး ဒေဝယက္ခဘီလူးမင်း အရှုံးပေးသောနေရကိုပန်းပေးသောကုန်း တစ်နည်းအားဖြင့်မြတ်စွာဘုရားကိုဖူးတွေ့ရသော ကုန်းတော် မွန်ဘာသာဖြင့်ကလော့ဟုခေါ်တွင်၍ယခုအခါသမိုင်းဝင်ကျိုက္ကလော့စေတီတော်မြတ်ကိုတည်ထားရာကုန်းတော်ဖြစ်လေသည်။ ကျိုက္ကလော့ဘုရားကုန်းတော်သည် ပင်လယ်ရေပြင်အထက် အမြင့်ပေ ၁၁၉. ၇၂၁ပေ ရှိပြီး မြေတိုင်းဌာနိမ့်မြင့်မှတိုငိအမှတ် ၅၉၆၀၀၆ တည်ရှိရာ ကုန်းမြေတစ်ခုဖြစ်သည်။

စေတီတော် တည်ထားသည့်အသွင်သဏာန်

ကျိုက္ကလော့စေတီတော်ကို တောင်ကုန်း ၏ အစွန်းထိပ်ပေါ်တွင်တည်ထားလေသည်။ အတွင်းတွင် ဂဝံကျောက်ခံ၍ တည်ထားသည်။ပန်းတင်ခုံ ရှစ်မြှောင့်ထောင့်ချိူးဖြစ်သည်။ တစ်မျက်နှာ ၃၅ တောင်ကျယ်သည်။ အမြင့် ၅ တောင်ရှိသည်။ အနောက်မျက်နှာမဟာရံတံတိုင်း တောင် – မြောက် အတောင် ၁၀၀ ရှိသည်။ အလယ်မုခ်ပေါက် အကျယ်၄ တောင်ထားသည်။ အလယ်မုခ်ပေါက် ၆ တောင်ကျယ်သည်။ မဟာရံတံတိုင်းအတွင်းမှ ၁၄ တောင်အကွာတွင် စေတီတော်ကိုတည်ထားလေသည်။ အရှေ့မုခ်တံခါးဝအကျယ် ၉ တောင်ရှိသည်။ လှေကားထစ် ကိုးခုရှိသည်။ လှေကားဦး ခြင်္သေ့မြေနင်းနှစ်ကောင်ရှိသည်။ မြောက်ဘက်နှင့်အနောက်ဘက်မျက်နှာဘုရားကုန်းတော်ကိုကပ်လျက်အလယ်စောင်းတန်းလှေကားကိုချန်ပြီးလျှင် စင်ခုံကဲ့သို့နေထိုင်ရန် ဂဝံကျောက်သားကိုစီမံပြုလုပ်၍ အနံအကျယ် ၆ တောင်ရှိပြီး အမြင့် ၃ တောင်ရှိသည်။ ထိုကဲ့သို့ အဆင့်မျိုး သုံးဆင့်ထားလေသည်။ ပထမဆုံးအဆင့်မှာ ဘုရားကုန်းတော် ထိပ်အောက် ၆ တောင်အကွာတွင် ထားရှိသည်။

သမိုင်းဝင်ကျိုက္ကလော့စေတီတော် တည်နေရာ မြေမျက်နှာသွင်ပြင် အကျယ်အဝန်း

ကျိုက္ကလော့စေတီတော်သည် ရန်ကုန်တိုင်းဒေကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ် ပြည်တော်သာရပ်ကွက်အတွင်းတွင် ကိန်းဝပ်စံပယ်တည်ရှိပါသည်။ ရန်ကုန်-ပြည် လမ်းမကြီး ဘေးတွင်တည်ရှိပြီး ဝါယာလက်စျေးနှင့် မလှမ်းမကမ်းတွင်ရှိသဖြင့် အလွယ်တကူ လာရောက်ဖူးမျှော် နိုင်သော စေတီတော်ဖြစ်ပါသည်။ စေတီတော် ကုန်းမြေသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၁၉.၇၄၃ တွင်တည်ရှိပြီး မြေတိုင်းဌာန နိမ့်မြင့်မှ တိုင်အမှတ်၊ ၅၉၆၀၀၆ တည်ရှိရာ ကုန်းမြေတစ်ခုဖြစ်သည်။ ယခုကျိုက္ကလော့စေတီတော်ကြီး၏ဘုရားဝတ္တကမြေအကျယ်အဝန်းမှာ ၇၂.၄ ဧကကျယ်ဝန်းပါသည်။.

  • [ကျိုက္ကလော့စေတီတော်သည် မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည် လမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပါသည်။ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၊ မြောက်လတ္တီတွဒ် ၇ ဒီဂရီ ၁၆ မိနစ်တွင် တည်ရှိပါသည်။]

ကျိုက္ကလော့စေတီတော်၏ သက်တမ်း

ကျိုက္ကလော့စေတီတော်သည် မဟာဂရုဏာရှင် ဗုဒ္ဓရှင်တော်မြတ်ပရိနိဗ္ဗာန်စံတော် စံတော်မူပြီးနောက် သာသနာတော်နှစ် ၂၃၅ တွင် တတိယသင်္ဂါယနာတင်ခဲ့သည့် ပါဋလိပုတ် ပြည့်ရှင်ဘုရင် သီရိဓမ္မာသောကမင်းကြီး၏ အကူအညီအထောက်အပံ့ဖြင့် အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်ကြီး အမှူးပြုကာ ရဟန္တာတစ်ထောင် စိစစ်ရွေးချယ်ပြီး အရံသံဃာ ခြောက်သန်းဖြင့် နှုတ်တက်သင်္ဂါယနာ တင်ခဲ့ကြသည်။ ထိုမှတစ်ဆက်တည်း ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုရဟန်းတော်များ စေလွှတ်ခဲ့သည်။ ကျိုက္ကလော့စေတီတော်သည် အရှင်ယသအမှူးရှိသော ရဟန္တာအရှင်မြတ်များနှင့် သီဟ ဒီပမင်းတို့ ဆံတော် သရီရ ဓာတ်တော်များနှင့် သာသနာတော်နှစ် ၂၃၅ တွင်တည်ထားခဲ့သော စေတီဖြစ်သည်ဟု သုတေသိများကယူဆခဲ့ကြပါသည်။ ကျိုက္ကလော့စေတီတော် တည်ထားသောနှစ်သည် သာသနာတော်နှစ် ၂၃၅ ဖြစ်ပါသည်။ လက်ရှိသာသနာတော်နှစ် ၂၅၆၇ ရှိပြီဖြစ်၍ စေတီတော်၏ သက်တမ်းမှာ ၂၃၃၂ နှစ်ရှိခဲ့ပြီဖြစ်ပါသည်။

ရည်ညွှန်းချက်

၁။ ကျိုက္ကလော့စေတီတော်ကြီး

၂။ စေတီတော် အရုဏ်ခံတန်စောင်း

၃။ ငါးဆူနေလတန်စောင်း

၄။ ရှင်သီဝလိ အရုဏ်ခံတန်စောင်း

၅။ ရှင်ဥပကတ္တ အရုဏ်ခံတန်စောင်း

၆။ ဝိဇ္ဖာ အရုဏ်ခံတန်စောင်း

၇။ ဘီလူးချွတ်ခန်း အရုဏ်ခံတန်စောင်း

၈။ နောင်တော်ကြီးစေတီ(ခ)သိဒ္ဓိဝိဇ္ဇာကြီးအောင်တော်မူစေတီ

၉။ အောင်မြေ

၁၀။ ဆုပန်ကလျာ(ခ)အမျိုးရုံ အရုဏ်ခံတန်စောင်း

၁၁။ အောင်ခြင်းရှစ်ပါးအရုဏ်ခံတန်စောင်း

၁၂။ နတ်ကွန်း / နတ်နန်း

၁၃။ တိင်္ကြား အရုဏ်ခံတန်စောင်း

၁၄။ ရွှေသံလွင် အရုဏ်တန်စောင်း

၁၅။ ထီးတော်စေတီ

၁၆။ သက်ကယ်နန်း

၁၇။ ဘုရားတန်စောင်း

၁၈။ စေတီတော်အဝင် / အထွက် မုဒ်ဦး

၁၉။ စေတီတော်အဝင်စောင်းတန်းတော်ကြီး

၂၀။ သာသနာလင်္ကာရဓမ္မာရုံ

၂၁။ မိဘကျေးဇူးဇရပ်

၂၂။ သာသနာဝေပုလ္လဓမ္မာရုံ

၂၃။ ကျိုက်ထိုးကြီးသိန်းနဒ္ဒာစေတီ

၂၄။ ကျိုက်ထိုးကြီးသိန်းမာလာစေတီ

၂၅။ ဝိဇ္ဇာ ဓာတ်နန်း

၂၆။ ပဥ္စဝဂ္ဂိ အရုဏ်ခံတန်စောင်း

၂၇။ ဘုန်းတော်ပွင့်စျာနမုဒြာရုပ်ရှင်တော်မြတ်

၂၈။ ကျိုက်ထီးရိုးလေးစေတီ

၂၉။ သိဒ္ဓိအောင်စေတီ

၃၀။ ရွှေသာလျောင်းဘုရား

၃၁။ ဘုန်းတော်ပွင့်ရှေ့ အရုဏ်ခံတန်စောင်း

၃၂။ နဂါးရုံဘုရား

၃၃။ အောင်ရတာအောင်စေတီ

၃၄။ ဘိုးရာကျော်(ခ)မဟိန္ဒိထွဋ်ခေါင်စေတီ

၃၅။ ရောက်တိုင်းချမ်းသာစေတီ

၃၆။ အဘဘိုးမင်းခေါင် နန်းဆောင် / ဇရပ်

၃၇။ ဒေသစာရီကြွချီဟန် ရဟန္တာရုပ်ပွါးတော်များ

၃၈။ မင်္ဂလာကန်တော်

၃၉။ စေတီတော်အရှေ့ဘက်မဟာရံတံတိုင်း စိန်တောင်များ

၄၀။ ဗောဓိညောင်ပင်(အဟောင်း)

၄၁။ ဗောဓိညောင်ပင်(အသစ်)

၄၂။ တရားထိုင်လိုင်ဂူ

၄၃။ ရုက္ခစိုးနတ်နန်း

၄၄။ မဇ္စျိမဘိုးတော်မယ်တော်များ