ထိန်းသိမ်းစောင့်ရှောက်မှုများ

ကျိုက္ကလော့စေတီတော်၏ ထိန်းသိမ်းစောင့်ရှောက်မှုများနှင့် ပြုပြင်မွမ်းမံမှုများ

- ရှေးခေတ် -
ရှေးခေတ်မွန်ဘုရင်များလက်ထက်ပြုပြင်မွမ်းမံမှုများ
သမိုင်းဝင်ကျိုက်ကလော့စေတီတော်သည် ရှေးခေတ်မွန်ဘုရင်များလက်ထက်ကပင်ထင်ရှားခဲ့သော စေတီတစ်ဆူဖြစ်လေသည်။ မွန်ဘုရင်အဆက်ဆက်က ပြုပြင်မွမ်းမံခဲ့ကြဟန်ရှိသော်လည်း ဟံသာဝတီ ပြည့်ရှင် ဗညားနွဲ့(ရာဇဓိရာဇ်မင်း)လက်ထက် ပြုပြင်ခဲ့ကြောင်းကိုသာ အမှတ်အသားတွေ့ရှိရသည်။
- ရာဇဓိရာဇ်မင်းသည် ခရာဇ်နှစ် ၁၃၈၃ ခုနှစ်တွင် ကျိုက္ကလော့စေတီတော်အား ပြုပြင်ခဲ့သည်။
- ရာမညတိုင်း ဟံသာဝတီပြည်ကြီးကိုအစိုးရသော ရာဇာဓိရာဇ်ဘွဲ့ခံ ဗညားနွဲ့သည် ခရာဇ်နီစ် ၁၃၈၃ ခုနှစ်တွင် ကျိုက္ကလော့စေတီတော်ကို ရွှေထီးတော်အသစ်တင်လှုခဲ့ကြောင်းကို အမှတ်အသားတွေ့ရသည်။
ထို့နောက် မွန်ဘုရင်ဓမ္မစေတီမင်းကလည်ူ သီဟိုဠ်မှရဟန်းတော်များပင့်ဆောင်လာသော ဒက္ခိဏသာခါ ရုပ်ပွါးတော်နှစ်ဆူအသစ်ဌာပနာ၍ စေတီတော်ဟောင်းကိုငုံကာ ထပ်မံတည်ထားခဲ့ကြောင်း အမှတ်သားတွေ့ရှိရသည်။
ကုန်းဘောင်ခေတ် မွမ်းမံပြင်ဆင်မှုများ
ကုန်းဘောင်ခေတ်၏ပြင်ဆင်မှု အထောက်အထားများကိုမူ သမိုင်းမှတ်တမ်းများတွင် မတွေ့ရှိရသလို စေတီတော်၏ပြင်ဆင်မှုအထောက်အထားများတွင်လည်း မတွေ့ရပေ။
ကိုလိုနီခေတ် မွမ်းမံပြင်ဆင်မှုများ
ကိုလိုနီခေတ်အလှုတော်မှတ်တမ်းအဖြစ် ၁၉၂၅ ခုနှစ်က ကြည့်မြင်တိုင် ကိုးထပ်ကြီးဘုရားဒါယကာ သူဌေးကြီး ဦးကျော်နှင့် သူးဌေးကတော် မလှကြီးတို့ကောင်းမှု အရုဏ်ခံတန်းစောင်းနှင့် ကျောက်ဆင်းရုပ်ပွါးတော်ကို တွေ့ရသည်။ ၁၉၂၆ ခုနှစ်ဟူ၍ ကဗျည်းထိုးထားသည့် အရုဏ်ခံတန်းစောင်းကိုလည်းတွေ့ရပါသည်။ ၁၉၂၇ ခုနှစ်တွင် ရေးထိုးခဲ့သည့် ခေါင်းလောင်းစာအရ ရန်ကုန်မြို့ ဝါးတန်းကြီးရပ် ဝါးကုန်သည်ကြီး ဦးမောင်ကြီး ဇနီး ဒေါ်တိုး ညီမ-ဒေါ်မိုး သား သမီးတစ်စုတို့က အောက်ပါကုသိုလ်တော်များလှုဒါန်းခဲ့သည်။
- အရုဏ်ခံအုတ်တိုက်တန်းစောင်း ၂ ခု
- ဥဒ္ဒိဿရုပ်ထုတော်မြတ်ကြီး ၉ဆူ
- ငွေသားအတိသတ္တှဌာနဖြင့် တည်ထားကိုးကွယ်သော ကျိုက်ထိုးကြီးသိန်းနန္ဒာဘုရားနှင့် ကျိုက်ထိုးကြီးသိန်းမာလာဘုရားနှစ်ဆူလေးမျက်နှာကျောက်မဟာတံတိုင်း
- ကျောက်သံမံတလင်း ရင်ပြည်တော်အပြည့်
စောင်းတန်းလှေကားဦး ခြသ်ေ့ကြီး ၂ ကောင်
- ကြေးခေါင်းလောင်းကြီး တစ်ခု
စသည််ဖြင့် ဗြိတိသျှခေတ် စေတီတော်ကြီးပြုပြင်မှုဖြစ်သည်။ စေတီရန်များနှာ ဗြိတိသျှခေတ်မတိုင်မီကပင်တည်ရှိပြီးပုံကို တည်ဆောက်သည့်ပုံစံအရ ခန့်မှန်းသိရှိနိုင်သည်။
- မျက်မှောက်ခေတ် -
၁၉၇၈ - ၂၀၁၃ ခုနှစ် ဘဏ္ဍတော်ထိန်းဂေါပကသက်တမ်းသက်တမ်းအတွင်း သာသနိကအဆောက်အဦးများ တည်ဆောက်/ပြုပြင်ခြင်း
- ၁၉၇၈ ခုနှစ်တွင် စနေထောင့်တွင် နောင်တော်ကြီးစေတီ(ခ)သိဒ္ဒိဝိဇ္ဇာ အောင်တော်မူ ဆုတောင်းပြည့်စေတီတော်ကို တည်ဆောက်ပြီးစီးသည်။
- ၁၉၉၀ ခုနှစ်တွင် ဘက်စုံပြုပြင်မွမ်းမံရေး စေတီတော်စောင်းတန်းတော်နှင့် အရှေ့ဘက် ပြည်လမ်းမအနီး မဟာရံတတိုင်းများ တည်ဆောက်သည်။
- ၁၉၉၂-၉၃ ခုနှစ်တွင် စေတီတော်ရင်ပြင် မဟာရံတံတိုင်းများ ဘက်စုံလုပ်ငန်း။
- ၁၉၉၄ ခုနှစ်တွင် စေတီတော်ကို ခေါင်းလောင်းတော်ငှက်ပျော်ဖုးအထိ ပြန်လည်ပြုပြင်သည်။
- ၁၉၉၈ ခုနှစ်တွင် နဂါးရုံစေတီကို တည်ထားသည်။
- ၁၉၉၉ ခုနှစ်တွင် အောင်ရတနာ အောင်စေတီကို တည်သည်။
-၂၀၀၁ ခုနှစ်တွင် စေတီအရှေ့ မဟာရံတံတိုင်းအနီးအရှေ့တောင်ထောင့်တွင် သောတာပန် ကိုးတောင်ပြည့် စေတီကိုတည်သည်။ အရှေ့မြောက်အရပ်တွင် အလျားပေ ၅၀ အနံပေ ၃၀ ရှိ ၂-ထပ်ဓမ္မာရုံ(သာသနာလက်ာရ ဓမ္မာရုံ)ကို တည်ဆောက်သည်။
- ၂၀၀၂ ခုနှစ်တွင် စေတီတော်ရင်ပြင်တွင် စကျင်ကျောက်များခင်းသည်။
- ၂၀၀၃ ခုနှစ်တွင် ကြေးဝန်းလေးခွေမှ ထီးတော်အထိရွှေသက်န်းကပ်လှူသည်။
- ၂၀၀၄ ခုနှစ်တွင် စေတီတော်စနေထောင့်တွင် ဘီလူးချွတ်ခန်းတန်းစောင်း ဆောက်လုပ်သည်။
- ၂၀၀၅ ခုနှစ်တွင် စေတီတော်အရှေ့ဘက် စောင်းတန်းလှေကားတစ်ဘက်တစ်ချက်တွင်တည်ရှိသော ခြသ်ေ့ရုပ်တု၂ခုနမှာ စောင်းတန်းတော်ကွယ်နေခြင်းကြောင့်ဘစောင်းတန်းတော် တစ်ဘက်တစ်ချက်ကို ပြောင်းရွေ့ထားသည်။ ပထမပစ္စယံတွင် ကြေးပြား ၅၄၄၂ချပ်ကပ်သည်။
- ၂၀၀၆ ခုနှစ်တွင် စနေထောင့်၌ တံခွန်တိုင်တည်သည်၊ ဆီးမီးထွန်းခုံရေပတ်လမ်း တည်ဆောက်သည်။
- ၂၀၀၇ခုနှစ်တွင် ၁၉၅၂ ခုနှစ်ကရွှေထီးတော်ကိုစွန့်၍ထီးတော်အသစ်တင်လှုပူဇော်သည်။
- ၂၀၀၈ ခုနှစ်တွင် ထီးတော်စေတီအနီး တောင်ပိုင်ဘိုးတော်ကြီူနှင့်သူရဿတီမယ်တော်နန်း၊ နန်း၃ဆောင်ကို တည်ဆောက်သည်။ နာဂဟ်မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးသွားသော ထီးတော်စေတီ၊ အောင်ရတနာစေတီ၊ နဂါးရုံဘုရား ဘုံပြသာဒ်နှင့် စောင်းတန်းတော်မုခ်ဦးများပြုပြင်မွမ်းမံသည်။
- ၂၀၀၉ ခုနှစ်တွင် စေတီတော်လုံးတော်ပြည့်ရွှေသက်န်းကပ်လှူသည်။
- ၂၀၁၀ ခုနှစ်တွင် စောင်းတန်းနော် တောင် မြောက် အရှေ့ဘက်မုခ်ဦးတွင် ကွန်ကရစ်လမ်းများခင်းသည်။
- ၂၀၁၁ ခုနှစ်တွင် အဆောက်အဦးများ အသေးစား ပြင်ဆင်မှုလုပ်ငန်းများသာဆောင်ရွက်သည်။
- ၂၀၁၂ ခုနှစ်တွင် ကြေးဝန်းလေးခွေးမှထီးတော်သို့ ရွှေသက်န်း ကပ်လှူသည်။
- ၂၀၁၃ ခုနှစ်တွင် ရွှေသံလွင် အရုဏ်ခံတန်းစောင်းကို စေတီတော်မြောက်ဘက် မြေထိန်းနံရံအား မေးတင် တည်ဆောက်ခဲ့သည်။
၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍတော်ထိန်းဂေါပကသက်တမ်းသက်တမ်းအတွင်း သာသနိကအဆောက်အဦးများ တည်ဆောက်/ပြုပြင်ခြင်း
- စေတီတော်ပစ္စယံများနှင့် အရန်စေတီ ၂၄ဆူတို့အား ဆေးသက်န်းကပ်လှုပြီးစီးခြင်း။
- အနောက်ဘက် အောင်ခြင်းရှစ်ပါးတန်းစောင်းတွင် အေးငြိမ်းချမ်းသာတရားထိုင်စခန်းပြူလုပ်ပြီး လေအေးပေးစက် ၂လုံးနှင့် မှန်ဆလိုက်ထိုးများတပ်ဆက်မှုပြုလုပ်ခြင်းያများစတင်ဆောင်ရွက်ပါသည်)
- ဆုပန်ကလိာ(ခ)အမျိုးရုံမင်းသမီးအရိုးအိုးကို ဂေါပကဥက္ကဌရုံးခန်းမှ နတ်န်းဆောင်သို့ပြောင်းရွေ့ပြီး လုံခြုံမှုရှိစေရန် အလှုမီနီယ့သံချောင်းများ ကာရံပေးခြင်းያများစတင်ဆောင်ရွက်ပါသည်)
- နဂါးရုံဘုရားဆောင်အနောက်ဘက် ကွဲအက်နေသည့်သံမံတလင်းနေရာများအား ပြန်လည်ပြုပြင်ခြင်း။
- စေတီတော်အနောက်မြောင့်ထောင့်ရှိ နတ်သားရုပ်အောက်တွင် ဂလိုဏ်ဂေါင်းများဖြစ်နေသော နေရာများအား ပြန်လည်ပြုပြင်ခြင်း။
- သာသနာဝေပုလ္လဓမ္မာရုံဘေးကန်တော်မဂ်လာအထက် ပေ၁၉၀အား မြေထိန်းနံရံပြုလုပ်ခြင်းသံလုံးလက်ရန်းတန်းများတပ်တင်ခြင်း။
- အနောက်ဘက်စောင်းတန်းလှေကား မွမ်းမံပြုပြင်ခြင်း၊ ဆေးသုတ်ခြင်း။
- ဘုရားကြီးဝန်းစောင်းတန်းတော်ကြီး၏ ဝဲဘက်တွင်ရှိသော ကျိုက်ထိုးကြီးသိန်းမာလာစေတီတော်အား အများပြည်သူတို့ လှုဒါန်းငွေဖြင့် အကြီးစားပြင်ဆင် မွမ်းမံခြင်း၊ ရွှေဆေးသက်န်းကပ်လှူခြင်း၊ အရန်စေတီ(၄)ဆူ တည်ထားခြင်း၊ စေတီတော်ရင်ပြင် အလူမီနီယံလက်ရမ်းတန်းများတပ်ဆင်ခြင်းနှင့် စေတီတော် အနေကဇာတင်ခြင်း၊ ဘုရားကြီးအဝင်စောင်းတန်းတော်ကြီး၏ ယာဘက်တွင်ရှိသော ကျိုက်ထိုးကြီးသိန်းနန္ဒာစေတီတော်အား ရွှေဆေးသက်န်းကပ်လှုခြင်းያများစတင်ဆောင်ရွက်ပါသည်)
- နောင်တော်ကြီးစေတီနှင့် အောင်ရတနာစေတီ(၂)ဆူတို့အား ရွှေဆေးသက်န်းကပ်လှုခြင်း
- စနေထောင့် အနောက်ဘက်ခြမ်းတွင် အလှူရှင် ဦးသန်းညီထွေး + ဒေါ်မနန်းဆီဝိုးဖတ် မိသားစုမှ အလျား၄၆ပေ အနံ ၂၁ပေ ၃လက်မ (၂-ထပ်ဆောင်) အဆောက်အဦး ၁လုံး၊ ဉာဏ်တော်အမြင့် ၅ ပေရှိ ရုပ်ပွါးတော်တစ်ဆူနှင့် ဆုပန်ကလျာ(ခ)အမျိုးရုံ မင်းသမီးရုပ်တု ၁ခု သွန်းလောင်းပူဇော်ခြင်း၊(လုပ်ငန်းများ စတင်ဆောင်ရွက်ပါသည်)
- ဉာဏ်တော်အမြင့် ၃၆ပေရှိ ဘုန်းတော်ပွင့်စျာနမုဒြာရုပ်ရှင်တော်မြတ် ထိုင်တော်မူမြတ်စွာဘုရားပုံတော်နှင့် ဘုရားပုံတော်အောက်တွင် အလျား ၆၀ပေ အနံ ၄၀ပေ အမြင့် ၁၇ ပေရှိလိုဏ်ဂူဓမ္မာရုံတည်ဆောက်ပြီး လိုဏ်ဂူဓမ္မာရုံအတွင်း ရပ်တော်မူ ဆုတောင်းပြည့် အဘယလာဘမုနိ ရုပ်ပွါးတော် ၁ ဆူ နှင့်မုနိလေးဆူ (မဟာမြတ်မုနိရုပ်ရှင်တော် မန္တလေး၊ ရှင်ကျော်မုနိရုပ်ရှင်တော် ကျောက်တော်မြို့ ရခိုင်၊ မာန်အောင်မြင်မုနိရုပ်ရှင်တော် ဇလွန်မြို့၊ ပြည်မြို့တစ်ဘက်ကမ်းရှိ ရွှေဘုံသာမုနိရုပ်ရှင်တော်မြတ်)တို့ကိုပါ တစ်နေရာတည်းတွင် ဖူးမျှောနိုင်ရန် ထည့်သွင်းတည်ထားပါသည်(လုပ်ငန်းများစတင်ဆောင်ရွတ်ပါသည်)
- ဒေသစာရီကြွချီနေသည့်ဟန် ရဟန္တာရုပ်ပွားတော် အမြင့်၆ပေရှိ ရုပ်ပွားတော်အတူ (၃၀)အား ကန်တော်မင်္ဂ၏ မြောက်ဘက်ထောင့်နှင့် အရှေ့ဘက်တို့တွင် တည်ထားပူဇော်ခြင်း(လုပ်ငန်းများစတင်ဆောင်ရွက်ပါသည်)
- စေတီတော်အထက်ပစ္စယံတွင် တည်ထားကိုးကွယ်လျက်ရှိသော ဘုရားလေးဆူနှင့် ဘုရားကျောင်းဆောင်များ အင်္ဂတေကွာကျပျက်စီးနေခြင်း၊ ဆေးရောင်များပျက်ပျယ်နေခြင်းတို့ကို အကြီးစားမွမ်းမံပြင်ဆင်ခြင်း။
- မစ္စျိမဒေသဘိုးတော် မယ်တော်များ နတ်န်းဆောင် အဆောက်အဦးမှာ ဘုန်းတော်ပွင့် စျာနမုဒြာရုပ်ရှင်တော်မြတ်ကြီး တည်ထားသည့် မြေနေရာနှင့်မလွတ်ကင်းသဖြင့် အောက်ရတနာအောင်စေတီတောင်ဘက် ကန်တော်မင်္ဂလာမြောက်ဘက် ကင်းလွတ်မြေကွက်နေရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်း။ (လုပ်ငန်းများစတင်ဆောင်ရွက်ပါသည်)။
- စနေထောင့်အနောက်နှင့် တောင်ဘက်ခြမ်းရှိ မြေကြီး၂ပေခန့် နှိပ်ဆင်းနေသောနေရာအား ပြန်လည်ပြုပြင်ခြင်း၊ အပူခံစကျင်ကျောက်များပြန်ခင်းခြင်း စကျင်ကျောက်များ ကြွေဂျီးချွတ်ခြင်းလုပ်ငန်းများ ဆောင်ရွတ်ခြင်း၊ ဘုရားကြီးရင်ပြင်ပေါ်ရှိလျှောက်လမ်းတွင် ယခင်ကြွေပြားဟောင်း ၁၅၀၀ပေအားခွာ၍ အပူခံစကျင်ကျောက်ခင်းခြင်း။
- ရွှေသံလွင်တန်စောင်း၊ နတ်န်းဆောင်၊ ထီးတော်စေတီ၊ သက်ကယ်နန်းဆောင်၊ တနင်္ဂနွေပြိုလ်တိုင်သို့သွားသော လျှောက်လမ်းများအား ယခင်ကြွေပြားဟောင်းများခွာ၍ ကြွေပြားအသစ်ခင်းခြင်း။
- အရုဏ်ခံတန်းစောင်းရှေ့ရှိ ဟောင်းနွမ်းနေသော ကြွေပြားများအားခွာ၍ ကြွေပြားအသစ်ခင်းခြင်း။
- ထီးတော်စေတီမြောက်ဘက် ပန်း၊ ပန်းအိုးများရေဆေးသည့်နေရာအား ယခင်ကွန်ကရစ်ရေစည်အား ရေဆေးခုံပြုလုပ်ပေးခြင်း၊ ကျိုးပဲ့ပျက်စီးနေသောကြွေပြားများအား ခွာ၍ အသစ်အစားထိုးပြုလုပ်ခြင်း။
- မင်္ဂကမ်တော်ဘေး မြေထိန်းနံရံ အာရ်စီကွန်ကရစ်ပေ ၁၀၀ ဆောက်လုပ်ခြင်း၊ ယခင်မြေထိန်းနံရံဟောင်းများကိုလည်း ပြန်လည်မွမ်းမံခြင်း။
၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်မှု
- ဘုရားကြီးအဝင် စောင်းတန်းတော်ကြီး ဝဲဘက်ရှိ ကျိုက်ထိုးကြီးသိန်မလာစေတီတော်အား အများပြည်သူစုပေါင်းလှူဒါန်းငွေဖြင့် ထီးတော်အသစ်တင်ခြင်း၊ အနေကဇာတင်ခြင်း။
- ဘုန်းတော်ပွင့်စျာနမုဒြာရုပ်ရှင်တော်မြတ် တည်ဆောက်ခြင်းလုပ်ငန်းများပြီးစီးပြီး ဘုရားဖူးပြည်သူအပေါင်းအား ဖူးမျှော်ကြည်ညိုနိုင်ရန် စီစဥ်ဆောင်ရွက်ခြင်း။
- ဒေသစာရီကြွချီနေသည့်ဟန် အမြင့် ၆ပေရှိ ရဟန္တာရုပ်ပွားတော် အဆူ ၃၀တည်ထားခြင်း လုပ်ငန်းများပြီးစီးသည်။
- ကန်တော်မင်္ဂလာထိပ်တွင်တည်ထားသော နဂါးရုံဘုရားအမိုးနှင့် မျက်နှာကျက်များ ဆွေးမြေ့ပျက်စီးနေသည်များ အစားထိုးလဲလှယ်ပြီးစီးခြင်း။
- အရုဏ်ခံတန်ဆောင်း၏အမိုးသွပ်ပြားများ ဆွေးမြေ့ပျက်စီးနေသည်များ အစားထိုးလဲလှယ်ပြီးစီးခြင်း။
- စေတီတော်ရင်ပြင်ပတ်လည်ရှိ ဂြိုလ်တိုင်များအားလုံး မွမ်းမံပြုပြင်ခြင်း၊ ရွှေဆေးသုတ်ခြင်း။
- စေတီတော်ပတ်လည် ဆီမီးထွန်းခုံများအား သပ်ယပ်လှပမှုရှိရေး ကြွေပြားများကပ်၍ အလှဆင်ခြင်း။
- မဇ္စျိမဒေသဘိုးတော် မယ်တော်များ နတ်နန်းဆောင်အဆောက်အဦး ပြောင်းရွှေ့တည်ဆောက်ပြီးစီးခြင်း။
- သမိုင်းဝင်ကျိုက္ကလော့စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ၅နှစ်တကြိမ်ဆောင်ရွက်လာခဲ့ရာ ယခုသတ္တမအကြိမ် ကပ်လှူပူဇော်ခြင်းကို ၂-၁၀-၂၀၂၁ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ၁၁-၁၂-၂၀၂၁ ရက်နေ့တွင် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်း ပြီးစီးပါသည်။
- စေတီတော်အနောက်ဘက် လှေကားဘေးရှိ အဆောက်အဦး၏ အမိုးသွပ်ပြားများ ဆွေးမြေ့နေသဖြင့် အမိုးသွပ်ပြားအသစ်များ ပြန်လည်လဲလှယ်တပ်ဆင်ခြင်း။
- မူလကျိုက်ထီးရိုးလေး စေတီသည် စေတီတော်၏ အရှေ့တောင်ဘက် ကျိုက္ကလော့ကျောင်းသိမ်တော်ကြီးနှင့် နီးကပ်စွာတည်ထား၍ တည်ထားသည့်ကာလမှာ နှစ်ပေါင်း ၈၀ ကျော်ခြင်း၊ အသုံးပြုထားသော ပစ္စည်းများမှာ အရည်အသွေးညံ့ဖျင်းခြင်း၊ ဘုန်းတော်ပွင့် စျာနမုဒြာရုပ်ပွားတော်တည်ရာ လမ်းကြောင်းတွင် ရောက်ရှိနေခြင်းကြောင့် သြဝါဒါစိရယဆရာတော်ကြီးများ၊ နာယကများနှင့် မူလအလှူရှင်တို့၏ ကြိုတင်သဘောတူညီချက်အရ မူလစေတီတော်၏ အမွေခံများကိုလက်ခံရယူ၍ မူလကျိုက်ထီးရိုးလေးစေတီတော်ကို ယာယီစွန်ခဲ့ပြီး ဉာဏ်တော်အမြင့် ၁၃ပေ ၆လက်မ ကျောက်ဆောက်အဆောက်အဦး အမြင့်ပေ ၂၀ရှိ အသစ်တစ်ဆူ တည်ထားပူဇော်ခြင်းያများစတင်ဆောင်ရွက်ပါသည်)
၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်မှု
- ကျိုက္ကလော့စေတီတော် အထက်ပစ္စယံရှိ အရန်စေတီ ၂၄ဆူအား အကြီးစားမွမ်းမံပြုပြင်ခြင်း၊ အရန်စေတီ ၂၄ဆူအား ရွှေထီးတော်အသစ် တင်လှူပူဇော်ခြင်း၊ ဒေါ်လွင်လွင်အောင်(လင်ဂရု)မိသားစုမှ လှူဒါန်းမှုဖြင့် ကန်တော်မင်္ဂလာမြောက်ဘက်တွင် ၉ပေပြည့် သိဒ္ဓိအောင်စေတီ ၁ဆူ တည်ထားပြီးစီးခြင်း။
- ကျိုက္ကလော့စေတီတော်ရင်ပြင် အနောက်မြောက်ထောင့်တွင် အလျား ၃၆ပေ အနံ ၂၀ပေရှိ နှစ်ထပ်တိံကြားဓမ္မာရုံ ၁ဆောင်အား ဦးသန်းလှနှင့် ၇ရက်သားသမီးအလှူရှင်များ လှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီးခြင်း။
- ဘုရားကြီးတက်လမ်း စောင်းတန်းတော်ကြီးဘေးရှိ ခြေင်္သနှစ်ကောင်အား အလှူရှင် သခင်ကြီး သခင်မတို့၏လှူဒါန်းမှုဖြင့် မူလလက်ရာမပျက် အကြီးစားမွမ်းမံပြုပြင်ခြင်း၊ ဆေးသုတ်ခြင်း၊ ၇ရက်သားသမီးများ လှူဒါန်းမှုဖြင့် ခြေင်္သမြေနင်းများအား ကြွေပြားများခင်းခြင်း၊ စတီးလက်ရန်းများ တပ်ဆင်ခြင်း။
- ဘုန်းတော်ပွင့်စျာနမုဒြာရုပ်ရှင်တော်မြတ်ကြီး၏ ရှေ့ဘက်တွင် ဘုရားဖူးလာရောက်သူများ စနစ်တကျဖူးမျှော်နိုင်ရန် အလှူရှင်ေထာက်ပံ့ရေးတပ်မှ စုပေါင်းလှူဒါန်းငွေဖြင့် အလျား၂၀ပေ အနံ ၁၅ပေရှိ အရုဏ်ခံတန်စောင်း ၁ခု ဆောက်လုပ်ပြီးစီးခြင်း။
- ဘုန်းတော်ပွင့်စျာနာမုဒြာရုပ်ရှင်တော်မြတ်ကြီး တည်ထားရာတွင် အဆောက်အဦးနှင့် မလွတ်ကင်း၍စ ခေတ္တသိမ်းဆည်းထားသော ခေါင်းလောင်းတော်အား အောင်ရတာအောင်စေတီတော်ဘေးမြေကွက်လပ်တွင် တည်ထားပြီးစီးခြင်း။
- စေတီတော်ပတ်လည်ဂြိုလ်တိုင်များ ရေသပ္ပါယ်ရာတွင် ရေထုတ်မြောင်းမရှိသဖြင့် အလှူရှင်ဒေါ်စန်းစန်းမြင့်နှင့် ညီမများ၏လှူဒါန်းမှုဖြင့် ရေထုတ်မြောင်းပြုလုပ်ခြင်း။
- အောင်ရတနာစေတီ အရှေ့ဘက်မြေအောက်တရားထိုင် လိုဏ်ဂူအဟောင်းအား အလှူရှင်များစုပေါင်း၍ အကြီးစားမွမ်းမံပြုပြင်ခြင်း။
- ကန်တော်မင်္ဂလာအရှေ့ဘက် အလျား ၇၀ပေ အမြင့် ၆ပေရှိ သံကူကွန်ကရစ် မြေထိန်းနံရံတည်ဆောက်ပြီးစီးခြင်း။
- ကန်တော်မင်္ဂလာအနောက်ဘက် လျောင်းတော်မူဘုရားရှေ့ အလျားပေ ၁၀၀ အမြင့် ၆ပေရှိ မြေထိန်းနံရံအား တည်ဆောက်ပြီးစီးခြင်း။
- စေတီတော်ကြီးပတ်လည်တွင် နှစ်ပေါင်း၃၀ခန့်ကြာမြင့်ပြီး ဟောင်းနွမ်းယိုယွင်းပျက်စီးနေသော ဂြိုလ်တိုင်၈တိုင်အဟောင်းများစွန့်၍ အလှူရှင်များလှူဒါန်းမှုဖြင့် ဂြိုလ်တိုင် ၈တိုင်အသစ် တည်ဆောက်ပြီးစီးခြင်း။
- စေတီတော်အဝင်(ဝဲ)ဘက်ခြမ်း "လူမော်" လက်ဘက်ရည်ဆိုင်နောက်ဘက်တွင် မဟိဒ္ဓိထွဋ်ခေါင်စေတီနှင့် ရောက်တိုင်းချမ်းသာစေတီ ၂ဆူတွင် ထီးတော်အဟောင်းများစွန့်၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးဆောင်၍ အလှူရှင်ကျော်မိုးလိုင်နှင့် ၇ရက်သားသမီးများစုပေါင်း၍ ထီးတော်အသစ် တင်လှူပူဇော်ခြင်း
- သမိုင်းဝင် ကျိုက္ကလော့စေတီတော်မြတ်ကြီးတွင် နေ့စဥ်ဘုရားဖူးဧည့်သည်များဖြင့် စည်းကားလျက်ရှိပြီး ဂြိုလ်တိုင်များရေသပ္ပါယ်ခြင်း၊ ပန်းအိုးနှင့် ပန်းများရေဆေးခြင်း၊ ရေသန့်စက်များတပ်ဆင်၍ သောက်သုံးရေဆောင်ရွက်ပေးခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ခေတ္တလာရောက်တည်းခိုရာတွင် သောက်သုံးရေအခက်အခဲရှိခြင်း၊ အဝီစိတွင်းရေဖြင့် လုံလောက်မှုမရှိခြင်းတို့ကြောင့် လှော်ကားရေပိုက်လိုင်းမှ ရေရရှိရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဠေးထံ စာဖြင့်တင်ပြလျှောက်ခဲ့ရာ ရေသုံးစွဲခွင့် ရရှိသဖြင့် ရေပိုက်လိုင်းများသွယ်တန်း၍ ရေရရှိအောင်ဆောင်ရွက်ခြင်း။
- "လူမော်" လက်ဘက်ရည်ဆိုင်အနောက်ဘက် မဟိန္ဓိထွဋ်ခေါင်စေတီနှင့် ရောက်တိုင်းချမ်းသာစေတီတို့အရှေ့ဘက်တွင် အလှူရှင် ဒေါ်စန်းစန်းမြင့်နှင့် ညီမတစ်စုနှင့် အများပြည်သူစုပေါင်းလှူဒါန်းငွေဖြင့် အဘဘိုးမင်းခေါင်ရုပ်တု (၉ပေ၉လက်မ) ပလ္လင် (၃ပေ၆လက်မ) အဆောက်အဦး အလျား၂၇ပေ အနံ ၁၈ပေရှိ ရုပ်တုနှင့်အဆောက်အဦးဆောက်လုပ် ပြီးစီးခြင်း။
၂၀၂၃-၂၀၂၄ ခုနှစ် ဧပြီလအထိ ဆောင်ရွက်မှု
- သမိုင်းဝင် ကျိုက္ကလော့စေတီတော်ကြီး၏ တောင်ဘက် ကန်တော်မင်္ဂလာ၏အနောက်ဘက်တွဂ် အရုဏ်ခံတန်စောင်းနှင့် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို အလှူရှင်များ၏ လှူဒါန်းမှုဖြင့် တည်ထားဆောင်ရွက်ခဲ့ပါသည်။
- ဘုရားကြီးအဝင် စောင်းတန်းကြီးသိန်းနန္ဒာစေတီတော်ကို အကြီးစားပြန်လည်ပြုပြင်မွမ်းမံခြင်း၊ ဆေးသင်္ကန်းကပ်လှူပူဇော်သည်။
- စေတီတော်ကြီး ကုန်းတော်ရင်ပြင် တနင်္ဂနွေထောင့်ရှိ ထီးတော်စေတီကို ပြုပြင်မွမ်းမံခြင်း၊ ရွှေဆေးသင်္ကန်းကပ်လှူခြင်း ဆောင်ရွက်ပါသည်။
- စေတီတော်ကြီး၏ ကုန်းတော်ရင်ပြင် စနေထောင့်ရှိ နောင်တော်ကြီးစေတီ(ခ) သိဒ္ဓိဝိဇ္ဇာကြီး အောင်တော်မူ ဆုတောင်းပြည့်စေတီတော်ကို ပြုပြင်မွမ်းမံ၍ ဆေးသင်္ကန်းကပ်လှူခြင်းများစတင်ဆောင်ရွက်ပါသည်
- ကန်တော်မင်္ဂလာအထက် ဘုန်းတော်ပွင့်စျာနမုဒြာရုပ်ရှင်တော်မြတ်နှင့် နဂါးရုံဘုရားအနီးတွင် ဗုဒ္ဓဂါယာမှ ယူဆောင်ခဲ့သော ဗောဓိညောင်ပင်ကိုစိုက်ပြိုးပြီး ဗောဓိညောင်ပင်တို့၏ အဆောင်အယောင်အဆောက်အဦးဖြင့် ဆင်ယင်တည်ဆောက်ပြီးစီးသည်။
- သမိုင်းဝင်ကျိုက္ကလော့စေတီတော်၏ အရှေ့ဘက်မဟာရံတံတိုင်း အရှည်အရှည် (၂၅၄)ပေကို မြန်မာမှုအင်္ဂတေ စိန်တောင်များဖြင့် အလှဆင်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါသည်။