ပြာသိုလ

အသေးစိတ် အချက်အလက်များ

သမိုင်းဝင်ကျိုက္ကလော့စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဥ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကျင်းပပါသည်။ စေတီတော်၏အရှေ့ဘက်ကွင်းတွင် ဘုရားပွဲကျင်းပပြုလုပ်ပြီး ဇာတ်ပွဲများ ၊ ကြည့်ခြင်ပွဲများ ၊ ချားရဟတ်များ ၊ စျေးဆိုင် / စားသောက်ဆိုင်တန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပါသည်။ ဗုဒ္ဓပူဇနိယပွဲတော် မကျင်းပမီ သတ္တဝါများအားလုံး အေးငြိမ်းချမ်းသာ၍ သာသနာတော် စည်ပင်ထွန်းကားစေရန် စိတ်ရည်သန်လျက် အသံမစဲမဟာပဌာန်းဒေသနာတော်များပူဇော်ပွဲကို (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်ပါသည်။ ဗုဒ္ဓပူဇနိယ ပွဲတော်ပြီးဆုံး၍ နောက်တစ်နေ့တွင် ဩဝါဒါစရိယ ဆရာတော်ကြီးများ နှင့် ပင့်သံဃာ (၁၂၆)ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို တပ်နယ်မှူး ဦးဆောင်၍ တပ်ရင်း / တပ်ဖွဲ့ မိသားစုများ ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ ရပ်ကွက်သူ ရပ်ကွက်သားများ ၊ အလုပ်ရုံ စက်ရုံ များမှအလှူရှင်များ တက်ရောက်၍ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း ကိုလည်း အစဥ်အလာမပျက် ဆောင်ရွက်ကြပါသည်။