တန်ဆောင်မုန်းလ

အသေးစိတ် အချက်အလက်များ

နှစ်စဥ်တန်ဆောင်မုန်းလပြည့်နေ့တွင် ယခင်က စေတီတော်ရင်ပြင်တွင် မသိုးသင်္ကန်းများကို ယက္ကန်းစင်များဖြင့် အဖွဲ့လိုက် အပြိုင် ရက်လုပ်ပြီး မသိုးသင်္ကန်းအဖြစ် ကပ်လှူပူဇော်ပွဲများ ကျင်းပခဲ့ပါသည်။ ယခုအခါတွင် မသိုးသင်္ကန်းရက်လုပ်ကပ်လှူခြင်း မပြုတော့ဘဲ ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ခြင်းတို့ကို ကျင်းပပြုလုပ်လျက်ရှိပါသည်။ နိဗ္ဗာန်စျေးပွဲတော် ၊ ဆီမီးပူဇော်ပွဲများ ကျင်းပပြုလုပ်ပါသည်။