ကျိုက္ကလော့စေတီတော်သမိုင်း
မွန်ဘာသာအရေးအသား (ကျာ်ကလံ) မွန်ဘာသာအသံထွက် (ကျိုက်ကလို့) ဖြစ်သည်။ နတ်ဘီလူးသည်မြတ်စွာဘုရားကို ရှာ၍မရသောအခါ အရှုံးပေးကန်တော့သောနေရာ၌တည်ထားသောဘုရားဖြစ်၍ ကျိုက္ကလို့ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ မြန်မာဘာသာ ကျိုက္ကလို့အမည်သည်မွန်ဘာသာ အသံထွက် (ကျိုကလို့) ကိုပင် တိုက်ရိုက်ယူငင် ခေါ်ဝေါ်ထားသောအမည် ဖြစ်သည်။ ကျိုက္ကလော့စေတီတော်သည် အရှင်ယသအမှူးရှိသောရဟန္တာအရှင်မြတ်များနှင့် သီဟဒီပမင်းတို့ ဆံတော် သရီရဓာတ်တော် များနှင့် တည်ထားခဲ့သောစေတီတော်ဖြစ်သည်ဟု သုတေတီများကယူဆခဲ့ကပါသည်။ ကျိုက္ကလော့စေတီတော် တည်ထားသောခုနှစ်သည် သာသနာတော်နှစ် ၂၃၅ ဖြစ်ပါသည်။ စေတီတော်တည်ရာထိပ်ကုန်း၌ ကကုသန်ဘုရား လက်ထက်တော်က ကျိုက္ကလော့ကုန်းတော်တွင် မြတ်စွာဘုရားတန်ခိုးတော်ဖြင့်ပျောက်ကွယ်သည်ကို နတ်ဘီလူးက ရှာမတွေ့နိုင် ရှာဖွေ၍မရနိုင်သောကြောင့် ပန်းပေးရကြောင်း နတ်ဘီလူးမာန်ဆလျှော့၍ ရှိခိုးကန်တော့သည့်နေရာ ကုန်းတော်ဖြစ်သောကြောင့် မွန်ဘာသာဖြင့် ကျိုက်ဒေးကလော့ ဟုခေါ်ကြောင်း၊ ကျိုက် – ဘုရား ၊ ဒေး – ကုန်း ၊ ကလော့ – ပန်းပေးသည် ၊ ကန်တော့သည်ဟုအဓိပ္ပါယ်ရကြောင်း ၊ အဓိပ္ပါယ်မှာဘုရားကို ကန်တော့သောကုန်းဟုဆိုကြောင်း ကျိုက်ဒေးကလော့ကို ယခုအခါ ကျိုက္ကလော့ (သို့) ကျိုက္ကလို့ဟုခေါ်ဆိုကြလေသည်။

ဖူးမြော်ကြည်ညိုရမည့်နေရာများ


ကျိုက္ကလော့စေတီတော်၏ ဘုန်းတော်ပွင့်စျာနမုဒြာ တည်ထားခြင်းနှင့် ပတ်သက်သော အကြောင်းအရာများ


မျက်မှောက်ခေတ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်မှု
