သံဝေဇနိယလေးဌာနနှင့် သတ္တသတ္တာဟ

စေတီတော် အနောက်ဘက်ပတ်လမ်းအလယ်၊ ဘုရားဈေးနှင့် မျက်နှာချင်းဆိုင်၌ တည်ရှိ၍ မုခ်ဦးအလှူရှင်မှာ နှစ်ဖက်သောမိဘများကို အမှူးထား ၍ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်း၊ အမှတ်-၅၉မှ ဦးရွှေဘော်ဦး+ဒေါ်ခင်စန်းဝင်း၊ သမီးမခင်နန္ဒာဦး၊ သားမောင်စည်သူဦး၊ မောင်တင်ထူးဇော်တို့မိသားစုက ဆောက်လုပ်လှူဒါန်းပါသည်။

သံဝေဇနိယ လေးဌာန နှင့် သတ္တာဟ ခုနစ်ဌာန မုခ်ဦး

ထိုမုခ်ဦးသည် စေတီတော် အနောက်ဘက်ပတ်လမ်းအလယ်၊ ဘုရားဈေးနှင့် မျက်နှာချင်းဆိုင်၌ ရှိပါသည်။ မုခ်ဦးအလှူရှင်မှာ နှစ်ဖက်သောမိဘများကို အမှူးထား ၍ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်း၊ အမှတ်-၅၉မှ ဦးရွှေဘော်ဦး+ဒေါ်ခင်စန်းဝင်း၊ သမီးမခင်နန္ဒာဦး၊ သားမောင်စည်သူဦး၊ မောင်တင်ထူးဇော်တို့မိသားစုက ဆောက်လုပ်လှူဒါန်းပါသည်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရားအလောင်း ဖွားတော်မူခန်း

မဟာသက္ကရာဇ် (၆၈)ခုနှစ်၊ ကဆုလပြည့်နေ့၌ ကပိလဝတ်ပြည်နှင့် ဒေဝဒဟ ပြည်ကြား လုမ္ဗိနီအင်ကြင်းတော ဉယျာဉ်တွင် မယ်တော်မာဃာမဟာဒေဝီက အလောင်းတော် ကို ဖွားမြင်တော်မူ သည်။ ထိုဖွားတော်မူခန်း ရုပ်ထုတော်ကို နှစ်ဖက်သော ကျေးဇူးရှင် မိဘများကို ရည်စူးအမှူးထား၍ နိဗ္ဗာန်ရည်မှန်းပြီး ကပ္ပတိန် ဦးမြတ်သူရဇံ+ ဒေါ်တင်သက်ဦး၊ သမီးမအေးချမ်းမိုး၊ သားမောင်မျိုးထက် မိသားစုက တည်ထား ကောင်းမှုပြုပါသည်။

ပဉ္စဝဂ္ဂီငါးဦးအား တရားဦးဟောတော်မူခန်း

မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ဝါဆိုလပြည့် နေ့၊ ဣသိပတန မိဂဒါဝုန်တွင် အလုပ် အကျွေးဖြစ်ခဲ့ဖူးသော အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိတို့အား မြတ်စွာဘုရား တရားဦးဟောဟန်ရုပ်ထုကို မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံနေ ဂေါပက ဦးအေးကို (ယမုံနာ) + ဒေါ်ရွှေမြင့်၊ ကိုဝင်းဌေး+မမာမာဦး၊ ကိုလှနိုင်အေး+မမာမာလွင်၊ မအေးအေးမော်၊ ကိုညီညီလွင်+မမြမြစိုး (ယမုံနာ) မိသားစုက ၂၀၀၉ခုနှစ်တွင် တည်ထားကောင်းမှုပြုပါသည်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခန်း

မဟာသက္ကရာဇ် ၁၄၈ ခုနှစ်တွင် ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင် သည် မလ္လာမင်းတို့၏ ကုသိနာရုံ အင်ကြင်းတော၌ ပရိနိဗ္ဗာန်စံတော်မူသည်။ ထိုသို့ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံဝင် တော်ပုံရုပ်ထိုကို ကွယ်လွန်သူဖခင် (ဦးခင်) အားရည်စူး၍ ဒေါ်အုန်းပွင့်၊ သားသမီးများ ဖြစ်ကြသော ဘီလီထွန်း၊ မောင်မြင့်ငွေ၊ မနွယ်နီ၊ မောင်အောင်သိန်းဝင်း၊ မောင်ညိုဝင်းလှိုင်+မခိုင်ဇာသွယ်၊ ဒေါက်တာမြင့်လွင်+ ဒေါက်တာမေဖြူထိုက်၊ ဒေါက်တာမြင့်သိန်း+မကြည်ကြည်အေး၊ မောင်ရဲသူရ+ မသွယ်သွယ်အေး (Lucky 1) မိသားစုတို့က (၂၀၀၉)ခုနှစ်တွင် တည်ထားကောင်းမှု ပြုပါသည်။

ပလ္လင်္ကသတ္တာဟ

ဗောဓိပင်နှင့် လေးတောင်ကွာ အရှေ့မျက်နှာ၌ တည်သော ရွှေပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူပြီး ပဋိစ္စသမုပ္ပါဒ်ဓမ္မကို အနုလောမ၊ ပဋိလောမဖြင့် ကုဋေတစ်သိန်းမကသော ဖလသမာပတ်ကို ဝင်စား၍ သိကြား၊ သုယာမ၊ သန္တုသိတ၊ မဟာဗြဟ္မာ စသော နတ်တို့၏ ပူဇော်ခြင်းကိုခံလျက် ခုနစ်ရက်ပတ်လုံး စံပယ်တော်မူသည်။ ထိုသို့ စံတော်မူသော ပလ္လင်္ကသတ္တာဟ ရုပ်ပွားတော်ကို ကွယ်လွန်သူ ဒေါ်လှလှကြည်အား ရဉ်စူး၍ အင်းစိန်မြို့နယ်၊ ကြို့ကုန်းမှ ခင်ပွန်း ဦးမောင်မောင်သန်းနှင့် သားသမီးမြေးတစုများက (၂၀၀၈)ခုနှစ်တွင် တည်ထား ကောင်းမှုပြုပါသည်။

အနိမိဿသတ္တာဟ

ရွှေပလ္လင်ထက်မှ ထတော်မူ၍ ဗောဓိပင် အရှေ့မြောက် ဘက်၊ လေးဆယ့်ရှစ် တောင်ဝေးကွာသောအရပ်၌ ရပ်တော်မူ၍ “ငါသည် ဤဗောဓိ ရပ်ခွင် ရွှေပလ္လင်ဝယ် သဗ္ဗညုတဉာဏ်ကို ရပေသည်ကားဟု ကိလေသာ အောင်ပွဲ ခံရာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို ခုနစ်ရက်တိတိ မမှိတ်သောမျက်စိဖြင့် ကြည့်ရှုတော်မူ သည်။ ထိုသို့ စံတော်မူသော အနိမိသတ္တာဟ ရုပ်ပွားတော်ကို ကွယ်လွန်သူ ဖခင်ကြီး ဦးစိန်ကြိုင် အား ရည်စူး၍ ဘုရင့်နောင်ပွဲရုံတန်းမှ ကျန်ရစ်သူ ဇနီး ဒေါ်တင်အေးနှင့် သားသမီးမြေး တစ်စုတို့က (၂၀၀၈)ခုနှစ်တွင် တည်ထားကောင်းမှု ပြုကြသည်။

စင်္ကမသတ္တာဟ

အနိမိဿသတ္တာဟမှ ရွှေပလ္လင်တော်အား တပ်မက်သော အကြည့်ဖြင့် ကြည့်သည်ဟု နတ်တို့၏ ထင်မှားသံသယဖျောက်ခြင်းငှာ တစ်ယူဇနာ မျှလောက် သော ကောင်းကင်သို့ ပျံတက်၍ ရေအစုံ၊ မီးအစုံ ထွက်စေခြင်း အစရှိသော ယမိုက်ပြာဋိဟာကို ပြတော်မူပြီးလျှင် ကောင်းကင်မှ သက်တော်မူ၍ ရွှေပလ္လင်နှင့် အနိမိအကြား အရှေ့မှသည် အနောက်သို့ အတောင်ခြောက်ဆယ်ရှိသော ရတနာစင်္ကြန်ကို ဖန်ဆင်းလျက် ခုနစ်ရက်ပတ်လုံး စင်္ကြန်ကြွတော်မူသည်။ ထိုသို့ စံတော်မူသော စင်္ကမသတ္တာဟရုပ်ပွားတော်ကို နှစ်ဖက်မိဘများကို ရည်စူးအမှူးထား ၍ မရမ်းကုန်းမြို့နယ်၊ အမှတ်()ရပ်ကွက်၊ ဂေါပက ဦးအုန်းကြိုင်+ဒေါ်စိန်ဝင်း၊ ဦးအေးလွင်+ဒေါ်ဌေးဌေးဝင်း၊ ဦးထွန်းဝင်း+ဒေါ်စန်းစန်းထွေးတို့က (၂၀၀၉)ခုနှစ်တွင် တည်ထားကောင်းမှုပြုပါသည်။

ရတနာဃရ သတ္တာဟ

ဗောဓိပင်၏ အနောက်မြောက် အတောင်လေးဆယ် ကွာ နတ်တို့ဖန်ဆင်းသော ရတနာဃရစံကျောင်းတော်၌ အလွန်လေးနက်သော အဘိဓမ္မာ တရားတော်များကို ဆင်ခြင်တော်မူသည်။ အဆုံးဖြစ်သော မဟာပဌာန်း တရားတော်ကြီးကို ဆင်ခြင်တော် မူသောအခါ စိတ်တော်၊ အသွေးအသားတော်တို့ ကြည်လင်လာကာ ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်ဖြာတို့သည် ကွန့်မြူးလျက် ခုနစ်ရက်ပတ်လုံး စံပယ်တော်မူ သည်။ ထိုသို့ စံတော်မူသော ရတနာဃရသတ္တာ ဟရုပ်ပွားတော်ကို တောင်ဉက္ကလာ ရွှေကြာရံရိပ်သာမှ ဒုတိယဗိုလ်မှူးကြီး ခင်ရွှေ(ငြိမ်း)+ဒေါ်မေလှိုင် မိသားစုက (၂၀၀၈) ခုနှစ်တွင် တည်ထားကောင်းမှု ပြုကြသည်။

အဇပါလသတ္တာဟ

မဟာဗောဓိပင်မှ တစ်ရာနှစ်ဆယ့်ရှစ်တောင်ဝေးကွာသော အဇပါလ ခေါ် ဆိတ်ကျောင်းသမားတို့ နားနေရာ ညောင်ပင်ရင်း၌ စစ်ရှုံး၍ လက်မှိုင်ချ နေသော မာရ်နတ်မင်းနှင့် သမီးသုံးယောက်တို့၏ ဖြားယောင်းလာကြသည်ကို ဆုံးမ တော်မူပြီး ၎င်းလေးယောက်နှင့် ဟုံဟင်္ကပုဏ္ဏားတို့အား တရားအမြိုက် တိုက်ကျွေး လျက် ခုနစ်ရက်ပတ်လုံး စံပယ်တော်မူသည်။ ထိုသို့ ဆိတ်ကျောင်းညောင်ပင် အဇပါလသတ္တာဟ စံတော်မူသော ရုပ်ပွားတော်ကို သံမဏိ ဗိုလ်ခင်မောင်+ဇနီး ဒေါ်တင်ရီအား ရည်စူး၍ သမီးဒေါ်ခင်မြင့်မြင့်အောင် မိသားစုတို့က (၂၀၀၈) ခုနှစ်တွင် တည်ထားကောင်းမှုပြုကြသည်။

မုဉ္စလိန္ဒသတ္တာဟ

မဟာဗောဓိပင် အရှေ့တောင်ဘက် အတောင်နှစ်ဆယ်ကွာ မုဉ္စလိန္ဒကျည်းပင် အောက်သို့ကြွ၍ ဖလသမာပတ် ဝင်စားကာ နိဗ္ဗာန်ချမ်းသာကို ခံစားနေစဉ် ခုနစ်ရက်ပတ်လုံး အချိန်အခါမဲ့ မိုးကြီးရွာလေသည်။ ထိုအခါ ဘုရားရှင်အား အအေးဒဏ် မခံစားစေရန်နှင့် မှက်၊ ခြင်၊ ယင်များ မကိုက်စေရန် ရည်ရွယ်၍ မုဉ္စလိန္ဒာအိုင်မှ နဂါးမင်းသည် မိမိခန္ဓာကိုယ်အားခင်းပြီးလျှင် ကျန်ခုနစ် ခွေတို့ဖြင့် ရစ်ပတ်ကာဦးထိပ်၌ ပါးပျဉ်းဖြင့် အုပ်မိုးပူဇော်ပြီး ခုနစ်ရက်ပတ်လုံး စံပယ်တော်မူ သည်။ ထိုသို့ မုဉ္စလိန္ဒကျည်းပင်ရင်း၌ နဂါးမင်းအစောင့်အရှောက်ဖြင့် စံတော်မူသော မုဉ္စလိန္ဒသတ္တာဟ ရုပ်ပွားတော်ကို နှစ်ဘက်သောမိဘများကို ရည်စူး၍ အမှူးထား၍ ရှေ့နေ ဦးတင်လှ+ဒေါ်တင်တင်ဝင်း၊ ရှေ့နေ ဦးကျော်တင်မြင့်+ ဒေါ်ခင်အေး၊ ရှေ့နေ ဦးထွန်း+ဒေါ်ဌေးဌေး မိသားစုတို့က (၂၀၀၉)ခုနှစ်တွင် တည်ထား ကောင်းမှုပြု ကြသည်။

ရာဇာယတနသတ္တာဟ

မဟာဗောဓိပင်၏ တောင်ဘက်အတောင် တစ်ရာ့ ခြောက်ဆယ်ကွာ ရာဇာယတနမည်သော လင်းလွန်းပင်အောက်သို့ ကြွရောက် တော်မူပြီး ခုနစ်ရက် ပတ်လုံး ဖလသမာပတ်ဝင်စားကာ နိဗ္ဗာန်ချမ်းသာကို ခံစားတော် မူသည်။ ထိုသို့ ခုနစ်ရက် ခုနစ်လီ (၄၉)ရက်အတွင်း မည်သည့်အာဟာရကိုမျှ ဘုဉ်းပေးတော်မမူ၊ မျက်နှာသစ်ခြင်း စသော ကိုယ်လက်သုတ်သင်ပေးရခြင်းလည်း မရှိ၊ အလိုလိုသန့်စင် တော်မူ၏။ နိဗ္ဗာန်ချမ်းသာကို ခံစားကာ အေးမြကြည်လင် လျက်ရှိနေသည်။ ထိုသို့ လင်းလွန်းပင်ရင်း၌ စံတော်မူသော ရာဇာယတနသတ္တာဟ ရုပ်ပွားတော်ကို နှစ်ဘက်မိဘများ အမှူးထား၍ လှိုင်မြို့နယ်၊ အုတ်ကျင်း (၁၃)ရပ်ကွက်မှ ဦးနိုင်ညွန့် (ခေါ်) ဦးမြခဲ+ဒေါ်ဝင်းသိန်း (ခေါ်) ဒေါ်တဆုတ်၊ သားသမီး များဖြစ်ကြသော ကိုကျော်သိန်းဦး+မဖြူဖြူသက်၊ ကိုအောင်အောင်ဦး+မခင်ငြိမ်းချမ်း၊ မောင်သူရနှင့် မြေးတစ်စုတို့က တည်ထားကောင်းမှုပြုပါသည်။