စောင်းတန်း(၄)သွယ်နှင့် အာရုံခံမုခ်ဦးဆောင်(၄)ခု

တောင်ဘက်စောင်းတန်းတော်ကြီး

ကျိုက်ဝိုင်းစေတီတော်ကြီးတွင် ယခင်က မုခ်ဦးများသာရှိပြီး စောင်းတန်းတော် များ မရှိသဖြင့် တောင်ဘက်စောင်းတန်းတော်ကြီး စတင်တည်ဆောက်ရန် (၂၀၀၆) ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့တွင် စီမံချက်ရေးဆွဲ ၍ သက်ဆိုင်ရာသို့ တင်ပြခွင့်ပြုချက် ရယူပြီး (၁ရ.၅.၂၀၀ရ) နေ့တွင် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပပြီး တည် ဆောက်ခဲ့ရာ (၉.၄.၂ဝဝ၈)နေ့တွင် ဖွင့်ပွဲအခမ်းအနားနှင့်ရေစက်ချအခမ်းအနားကျင်းပ နိုင်ခဲ့ပါသည်။ စောင်းတန်းတော်ကြီးမှာ အလျား ၁၅၅ ×အနံ ၁၂’ ကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း (၁၁)ခန်းပါဝင်ပါသည်။
စောင်းတန်းကြီးတွင် “ဘုရားရှင်၏ နေ့စဉ်ကိစ္စငါးပါး”ပန်းချီကား၊ (၁၂)လရာသီ ပန်းချီကားများအပြင် အောက်မှအတက် မုခ်ဦးအပေါ်တွင် ဘုရားရှင် ဖွားမြင်ခြင်း ပြောကြားသော အဦးဆုံးစကားသုံးခွန်းနှင့် ပြန်အဆင်းအတွင်း မုခ်ဦး၌ ဘုရားရှင်၏ နောက်ဆုံးစကား ဟန္ဒဒါနိဘိက္ခဝေတို့ကို တွေ့ရှိရမည် ဖြစ်ပါသည်။

အရှေ့ဘက်စောင်းတန်းနှင့် မြောက်ဘက်စောင်းတန်း

တစ်ဦးတည်းအလှူရှင်အဖြစ် ဦးမောင်မောင်ဆွေ+ဒေါ်ကြည်ကြည်ဝင်း၊ သား-မောင်အောင်မော်ဟိန်း၊ သမီး-မသီရိသက်ထားဦး၊ သား-မောင်ဘုန်းသီဟဦး ဂရိတ်ဝေါ မြန်မာဆေးဝါးနှင့် ဆောက်လုပ်ရေးကုမ္ပဏီ မိသားစုတို့က ကိုယ်တိုင်ဆောက်လုပ် လှူဒါန်းပါသည်။
အနောက်ဘက်စောင်းတန်းတော်ကြီး

အလျား ၁၄၆’ x အနံ ၁၈‘ အကျယ်ရှိ စောင်းတန်းတော်ကြီးအား (၂ဝဝ၈) ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့တွင် စီမံချက်ရေးဆွဲပြီး သက်ဆိုင်ရာသို့ ခွင့်ပြုချက်တင်ပြ ရယူကာ (၁၉ ၅. ၂၀၀၉) နေ့တွင် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပပြီး စတင် ဆောက်လုပ်ရာ (၂၂. ၁၁. ၂၀၁၀) နေ့တွင် ပြီးစီးပါသည်။ ကုန်ကျငွေစုစုပေါင်း (၆၉,၈၃၂,၂ရ၆) ကျပ် ကုန်ကျပါသည်။ ၎င်းစောင်းတန်းတော်ကြီးတွင် ခင်ပွန်းကြီး ဆယ်ပါးပူဇော်အကျိုး၊ ပြစ်မှားအကျိုးများ၊ ငရဲကြီးရှစ်ထပ်၊ အောင်ခြင်းရှစ်ပါး၊ ပဉ္စဝဂ္ဂီငါးပါးတရားဦးဟောပန်းချီကားများဖြင့် ရေးဆွဲသရုပ်ဖော်ထားပါသည်။ ဆိုင်ခန်းပေါင်း (၁၁)ခန်း ပါဝင်ပါသည်။
