ဇရပ် တန်ဆောင်းများ

မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊

ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။

စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊

သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။

သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊

မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊

ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊

တရားမြတ် ပွားအပ်ယောဂီနွယ်။

သူတော်စင် တန်ဆောင်း

ဤတန်ဆောင်းတွင် ဗုဒ္ဓရုပ်ပွားတော်နှင့်အတူ ယက္ကန်းစင် တောင်ဆရာတော်၊ ဆံရှည်ဆရာတော်၊ ဦးပညာဇောတ၊ ဦးဓမ္မပါလ၊ ဘိုးဘိုးအောင်၊ စကြာမင်းမြတ်၊ ဘိုးမင်းခေါင်၊ အောင်မင်းခေါင်၊ စသည့် ရုပ်တုများရှိပါသည်။ ကြည့်မြင်တိုင်မြို့နယ်မှ ဦးလှသိန်း+ဒေါ်လွမ်းရှိန် သားသမီးမြေးတစ်စုက (၂၀၀၉) ခုနှစ်တွင် အမိုးနှင့် မြန်မာမူ သွပ်ပြသာများ တပ်ဆင်လှူဒါန်းပါသည်။ နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်းနှင့် သူရဿတီမယ်တော်နန်းကြားတွင် တည်ရှိပါသည်။