ဇရပ် တန်ဆောင်းများ
မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊
ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။
စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။
သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊
ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်း

ရှစ်မိုင်၊ ပြည်လမ်း၊ ဟိုင်နန်စားသောက်ဆိုင်ပိုင်ရှင် ဦးဘလွင်+ဒေါ်ထားထားရင် မိသားစုက (၂၀၁၃)ခုနှစ်တွင် ဆောက်လုပ်လှူဒါန်း ထားပြီး (၂၀၁၂)ခုနှစ်တွင် အလှူရှင် (၂၈)ဦးမှ တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော် များအား မျက်ပါးရွှေများကပ်လှူကြပါသည်။ သူတော်စင်တန်ဆောင်းနှင့် အလိုတော်ပြည့် တန်ဆောင်းကြားတွင် တည်ရှိပါသည်။