ဇရပ် တန်ဆောင်းများ
မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊
ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။
စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။
သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊
ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
မဟေသရ တန်ဆောင်း

ဂေါတမဘုရားရှင်မှ မဟေသရနတ်ဘီလူးမင်းအား ဆံတော် ချီးမြှင့်နေပုံကို ဖခင်ကြီး ဦးဝင်းကြည်+မိခင်ကြီး ဒေါ်လှရီတို့အား အမှူးထား၍ သမီး ဒေါက်တာသူဇာဝင်း၏ နှစ် (၅၀)ပြည့်မွေးနေ့အဖြစ် (ဦးရဲမောင်လွင်လေး)+ဒေါက်တာ သူဇာဝင်း၊ သား–မောင်အောင်ရဲသူ၊ သမီး–မအိမ့်ရူပါမောင်တို့က (၂၉.၁၀.၂၀၁၂)တွင် လှူဒါန်းပါသည်။ ဂေါပကရုံးအနီးတွင် တည်ရှိပါသည်။