ဇရပ် တန်ဆောင်းများ
မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊
ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။
စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။
သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊
ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
တောင်ဘက်အာရုံခံ တန်ဆောင်း

စနေထောင့်နှင့် ဗုဒ္ဓဟူးထောင့်ကြား တောင်ဘက်အာရုံခံတန်ဆောင်းအား (၁၉၉၂)ခုနှစ်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်း လမ်းဆုံနေ ဦးဝင်းကြည်+ဒေါ်လှရီ သားသမီးမြေးတစ်စုက မြန်မာမှုလက်ရာများဖြင့် အသစ်တည်ဆောက်လှူဒါန်းပါသည်။