ဇရပ် တန်ဆောင်းများ

မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊

ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။

စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊

သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။

သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊

မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊

ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊

တရားမြတ် ပွားအပ်ယောဂီနွယ်။

လင်စွိတောင် တန်ဆောင်း

(၁၂၈၇)ခုနှစ်တွင် ဦးလင်စွိတောင်+ဒေါ်သွယ်သွယ် မိသားစု ဆောက်လုပ်လှူ ဒါန်းထားရှိပါသည်။ ခရစ်နှစ်(၂၀၀၅)ခုနှစ်တွင် ဦးသန်းအောင်+ဒေါ်ခင်သက်လွင်နှင့် မောင်နှမတစ်စု၊ ဒေါက်တာနေဝင်းသန်း+ မစိုးစိုးအောင်၊ မောင်နေမျိုးအောင်တို့က (၁၃၉)သိန်းမတည်၍ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဦး () စာရေးဆရာ တင်သန်းဦး+ ဒေါ်စန်းစန်းသူ၊ ဦးလှသောင်း+ ဒေါ်တင်ရွှေ၊ သမီးမကြည်ကြည်ညွန့်၊ ဦးခင်မောင်ထွေး + ဒေါ်ကြည်ကြည်မြင့် မိသားစု (အောင်ချမ်းသာပွဲရုံ၊ ဘုရင့်နောင်)၊ ဦးဌေးအောင် + ဒေါ်သန်းသန်းဝင်း မိသားစုတို့ စုပေါင်း၍ မူလတန်ဆောင်းကို အခြေခံကာ မြန်မာမှု လက်ရာများဖြင့် ဆောက်လုပ်လှူဒါန်းကြပါသည်။ စနေထောင့်အနီး၌ တည်ရှိပါသည်။