ဇရပ် တန်ဆောင်းများ
မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊
ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။
စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။
သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊
ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
အနောက်ဘက်အာရုံခံတန်ဆောင်း

(၁၂၄၀)ပြည့်နှစ်တွင် ကန်ထရိုက်တာသူဌေး ဦးဆာမိ+ဒေါ်လချမီးအမာကြီး မိသားစုကဆောက်လုပ်လှူဒါန်းသည်။ ဆာမိတန် ဆောင်းဟုလည်း အမည်တွင်သည်။ (၂၀၀၄)ခုနှစ်တွင် အများကောင်းမှုဖြင့် ပြန်လည် မွမ်းမံတည်ဆောက်ခြင်းဖြစ်သည်။