ဖူးမြော်လေ့လာရန်နေရာများ

ဆုတောင်းပြည့်အေးစေတီ

မြတ်စွာဘုရားကြွချီဟန်

ထီးစေတီ

ဂန္ဓကုဋိတိုက်နှင့် ရုပ်ပွားတော်များ

စေတီတော်ကြီး၏ ပန်းတင်ခုံပတ်လည်တွင် ပိုမိုကြည်ညို သဒ္ဓါပွားများနိုင်ရန် ဂန္ဓကုဋိတိုက်ငယ် နှင့် ရုပ်ပွားတော် (၂၅) ဆူအား အလှူရှင်များ ကောင်းမှုဖြင့် ကမ္ပည်းများထိုး၍ ပူဇော်ထားပါသည်။

စောင်းတန်း(၄)သွယ်နှင့် အာရုံခံမုခ်ဦးဆောင်(၄)ခု

တောင်ဘက်မုခ်ဦးဆောင်

မြောက်ဘက်မုခ်ဦးဆောင်

အနောက်ဘက်မုခ်ဦးဆောင်

အရှေ့ဘက်မုခ်ဦးဆောင်

ကျိုက်ဝိုင်းဘိုးဘိုးကြီးနတ်နန်း နှင့် ယုံကြည်မှုဆိုင်ရာများ

ဦးပေါ်ထွန်း + ဒေါ်ရင်မေသန်း၊ သမီးနီလာအိသွယ်၊ နွယ်နီပွင့်ခိုင်တို့ မိသားစုက ၁၉၉၁ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းသည်။ စေတီတော် ၏ မြောက်ဘက်တွင် တည်ရှိသည်။

သံဝေဇနိယလေးဌာနနှင့် သတ္တသတ္တာဟ

သံဝေဇနိယလေးဌာနနှင့် သတ္တာဟခုနစ်ဌာန မုခ်ဦး

စေတီတော် အနောက်ဘက်ပတ်လမ်းအလယ်၊ ဘုရားဈေးနှင့် မျက်နှာချင်းဆိုင်၌ တည်ရှိ၍ မုခ်ဦးအလှူရှင်မှာ နှစ်ဖက်သောမိဘများကို အမှူးထား ၍ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်း၊ အမှတ်-၅၉မှ ဦးရွှေဘော်ဦး+ဒေါ်ခင်စန်းဝင်း၊ သမီးမခင်နန္ဒာဦး၊ သားမောင်စည်သူဦး၊ မောင်တင်ထူးဇော်တို့မိသားစုက ဆောက်လုပ်လှူဒါန်းပါသည်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရားအလောင်း ဖွားတော်မူခန်း

မဟာသက္ကရာဇ် (၆၈)ခုနှစ်၊ ကဆုလပြည့်နေ့၌ ကပိလဝတ်ပြည်နှင့် ဒေဝဒဟ ပြည်ကြား လုမ္ဗိနီအင်ကြင်းတော ဉယျာဉ်တွင် မယ်တော်မာဃာမဟာဒေဝီက အလောင်းတော် ကို ဖွားမြင်တော်မူ သည်။

ပလ္လင်္ကသတ္တာဟ

ဗောဓိပင်နှင့် လေးတောင်ကွာ အရှေ့မျက်နှာ၌ တည်သော ရွှေပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူပြီး ပဋိစ္စသမုပ္ပါဒ်ဓမ္မကို အနုလောမ၊ ပဋိလောမဖြင့် ကုဋေတစ်သိန်းမကသော ဖလသမာပတ်ကို ဝင်စား၍ သိကြား၊ သုယာမ၊ သန္တုသိတ၊ မဟာဗြဟ္မာ စသော နတ်တို့၏ ပူဇော်ခြင်းကိုခံလျက် ခုနစ်ရက်ပတ်လုံး စံပယ်တော်မူသည်။

သာသနိက အဆောက်အဦးများ