အမျိုးဂုဏ်၊ဇာတိဂုဏ်

မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊

ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။

စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊

သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။

သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊

မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊

ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊

တရားမြတ် ပွားအပ်ယောဂီနွယ်။

အမျိုးဂုဏ်၊ဇာတိဂုဏ်

၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး သူ့ကျွန်ဘဝကျရောက်ချိန်

၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ခုလုံး သူ့ကျွန်ဘဝသို့ ရောက်ရှိခဲ့ပြီး အခြားသော ဘုရားစေတီများအား နယ်ချဲ့တို့၏ စစ်စခန်းများအခြေပြုတပ်စွဲနေကြ သဖြင့် ကျိုက်ဝိုင်းစေတီတော်မြတ်ကြီးအနီး သီတင်းသုံးနေထိုင်တော်မူကြသည့် ကျိုက်ဝိုင်းသီတာရုံဆရာတော်၊ ကမ္ဘောဇဆရာတော် ဦးကေလာသ၊ ရွှေလက်ကောက် ဆရာတော်နှင့် နတ်ညွှန်းဆရာတော် ဦးသာသနတို့မှ ဘုရားဝတ္တကမြေများအတွင်း စစ်မြေပြင် ရှေ့တန်းစခန်းအဖြစ် အသုံးပြုခြင်းမရှိအောင် ဆောင်ရွက်တော်မူကြပါ သည်။

မြန်မာကောဇာသက္ကရာဇ် (၁၂၇၆)ခုနှစ်မှ (၁၂၉၁)ခုနှစ်

စေတီတော်မြတ်ကြီးကို မြန်မာကောဇာသက္ကရာဇ် (၁၂၇၆)ခုနှစ်မှ (၁၂၉၁)ခုနှစ် တိုင်အောင် မဆုတ်မနစ် လုံ့လ၊ ဝီရီယ၊ ဇွဲ၊ သတ္တိတို့ဖြင့် သဒ္ဓါ စေတနာ ထက်သန်စွာ ဆောင်ရွက်အားထုတ်တော်မူခဲ့ကြကုန်သော ပုဂ္ဂိုလ်ကြီးများမှာ

  • ကျိုက်ဝိုင်းအရှေ့ကျောင်းဆရာတော် ဦးတေဇဝန္တ၊
  • ကျိုက်ဝိုင်းမြောက်ကျောင်းဆရာတော် ဦးအဂ္ဂ၊
  • သမိုင်းကုန်းရွာ ကျောင်းဆရာတော် ဦးပဏ္ဍိစ္စ၊
  • ကျိုက်ဝိုင်းဓမ္မာရုံကျောင်းဆရာတော် ဦးဝိစိတ္တ (အကျိုးတော်ဆောင်)
  • ပင်စင်အငြိမ်းစား အင်စပိတ်တော်မင်း ဦးဘိုးလွင် (ငွေထိန်းလူကြီမးင်း)တို့ဖြစ် ပါသည်။
မြန်မာကောဇာသက္ကရာဇ် (၁၂၈၄)ခုနှစ်မှ (၁၂၉၄)ခုနှစ်

(၁၂၈၄)ခုနှစ်မှစ၍ အထက်ပါပုဂ္ဂိုလ်ကြီးများအပြင်

၁။      ဘုရားဒါယကာ ဦးဘိုကြီး၊

၂။      ဘုရားဒါယိကာမ ဒေါ်ကြီးကြီး

၃။      ဦးရွှေဆိတ် (ဘဏ္ဍာထိန်းလူကြီးမင်း)

၄။      ဦးဘိုးမြိုင် သမိုင်းအောက်ရွာ၊

၅။     ဦးအောင်ပွင့် သမိုင်းအောက်ရွာ၊

၆။     ဦးဇလူ သမိုင်းကုန်းရွာ

၇။     ကိုရင်ပြော် ဘိုကုန်းရွာ

၈။     ဦးဘိုးထင် ဘိုကုန်းရွာ၊ တို့ကလည်း စေတိယကိစ္စအဝဝကို အထက်ဖော်ပြခဲ့ပြီး ပုဂ္ဂိုလ်ကြီးများနှင့်အတူ (၁၂၉၄)ခုနှစ်တိုင်အောင် အားကြိုးမာန်တက် ထိန်းသိမ်း စောင့်ရှောက်ဆောင်ရွက်ခဲ့ကြပါသည်။

မြန်မာကောဇာသက္ကရာဇ် (၁၂၉၅)ခုနှစ်မှ ယနေ့ထိတိုင်

ထိုမှ နောက်ကာလ မြန်မာကောဇာသက္ကရာဇ် (၁၂၉၅)ခုနှစ်မှစ၍ စေတီတော် မြတ်ကြီးနှင့် အနီးကပ်ဆုံးရပ်ရွာရှိ လူကြီးမင်းများက ဘုရားဘဏ္ဍာတော် မပျောက် ပျက်ရအောင် စောင့်ရှောက်ထိန်းသိမ်းရန်အတွက် သမိုင်းဘိုကုန်းရပ် ပေါ်တော်မူ ဘုရားတန်ဆောင်းအတွင်း အစည်းအဝေးတစ်ခုပြုလုပ်ကျင်းပလျက် ကျိုက်ဝိုင်း ဘုရားဘဏ္ဍာတော် မပျောက်ပျက်ရန် ခေတ္တစောင့်ရှောက်ရေးအဖွဲ့ကို အောက်အမည် ပါ လူကြီးမင်းများအား အများသဘောတူ ရွေးကောက်တင်မြှောက်၍ (၁၆)ဦး ကော်မတီအမည်ဖြင့် စောင့်ရှောက်ထိန်းသိမ်းလာခဲ့ကြပါသည်။ ၎င်း(၁၆)ဦး ကော်မတီမှ သီးသန့်ဘဏ္ဍာတော်ထိန်းလူကြီးမင်း ()ဦးကိုလည်း ရွေးကောက်တင် မြှောက်ကြပါသည်။

(၁၆)ဦးကော်မတီသည်….

  • စေတီတော်မြတ်၏ ကိစ္စအဝဝကို ပြုပြင်မွမ်းမံထိန်းသိမ်းစောင့်ရှောက်ခြင်း
  • ဘုရားပွဲတော်ကိုလည်း မပျက်မကွက် ပြုလုပ်ကျင်းပပေးခြင်း
  • ဘုရားဘဏ္ဍာတော်ထိန်းသိမ်းနိုင်ရေးအတွက် ဥပဒေသစည်းမျဉ်း ရေးဆွဲခြင်း စသည်တို့ကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ကြပါသည်။