ဗုဒ္ဓအဆုံးအမများ

မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊

ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။

စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊

သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။

သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊

မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊

ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊

တရားမြတ် ပွားအပ်ယောဂီနွယ်။

ဗုဒ္ဓအဆုံးအမများ

ဘုရားရှင်ဖွားမြင်မြင်ခြင်းပြောကြားသည့် အဆိုအမိန့်

စေတီတော်မြတ်ကြီးပေါ်သို့ တောင်ဘက်စောင်းတန်းမှတက်လျင် အပြင်ဘက် စောင်းတန်းတော်ထိပ်၌ ဂေါတမမြတ်စွာဘုရားရှင် ရပ်တည်နေပုံနှင့် ဘုရား အလောင်းတော်ဖွားမြင်တော်မူစ ခြေခုနစ်ဖဝါး လှမ်းကြွပုံတို့အား တွေ့ရမည်ဖြစ်ပြီး ၎င်း၏အောက်တွင် ဘုရားရှင်ဖွားမြင်မြင်ခြင်းပြောကြားသည့်

ငါသည်လောကတွင်အဦးဆုံးဖြစ်၏

ငါသည်လောကတွင်အကြီးအကဲဆုံးဖြစ်၏

ငါသည်လောကတွင်အမြတ်ဆုံးဖြစ်၏

ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ခါးနီး နောက်ဆုံးမိန့်ကြားတော်မူသော အဆိုအမိန့်

တောင်ဘက်စောင်းတန်းမှပြန်အဆင်းတွင် အောက်ဆုံးမုခ်ဦးအတွင်း ၌ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ခါးနီး နောက်ဆုံးမိန့်ကြားတော်မူသော

ဂေါတမမြတ်စွာဘုရား၏ နောက်ဆုံးဩဝါဒစကား

ဟန္ဒဒါနိဘိက္ခဝေ၊ အာမန္တယာမိဝေါ။

ဝယဓမ္မာသင်္ခါရာ၊ အပ္ပမာဒေနသမ္ပာဒေထ။

ချစ်သားတို့ သင်တို့အား နောက်ဆုံးစကားမှာကြားပေအံ့ ဖြစ်ပေါ်သမျှ သဘာဝတို့ သည် ပျက်စီးရသည်ချည်းသာတည်း၊ မြဲမြံသောသတိဖြင့် သီလ သမာဓိ ပညာတရား တို့ကို ပြည့်စုံတိုးပွားအောင် ကြိုးစားအားထုတ်ရစ်ကြကုန်လော့

ဟူသောစကားများ ထွင်းထုထားပါသည်။