ဘုရားစေတီများ

ပါဒစေတီတော်

သက္ကရာဇ် (၁၂၉၃) ခုနှစ်တွင် ဗုဒ္ဓမြတ်စွာခြေရာတော် ပါဒ စေတီတော်ကို ဒေါ်ပုမိသားစုက အနောက်တောင်ထောင့်၌ ဆောက်လုပ် လှူဒါန်းခဲ့ ပါသည်။ (၁၉၉၅) ခုနှစ်တွင် ထိုပါဒစေတီတော်ကို အနောက်ဘက်အာရုံခံ တန်ဆောင်းအနီး၌ ပြောင်းရွှေ့ တည်ထားခဲ့သည်။ ပါဒစေတီပလ္လင်တော်အား ဦးကျော်ခင်+ဒေါ်အမာကြည် မိသားစု၊ ပျဉ်းမနား (ရွှေစင်မင်း စိန်ရွှေရတနာဆိုင်၊ ရွေဘုံသာလမ်း)၊ ကိုမြင့်ဆွေ+မနွယ်နီ၊ ဗဟန်းတို့ ဆောင်လုပ်လှူဒါန်းခဲ့ပါသည်။ ပါဒစေတီတော်တန်ဆာင်းကို (၁၉၉၈) ခုနှစ်တွင် ဒေါက်တာစိန်ဝင်း+ ဒေါက်တာခင်ခင်မြင့်၊ သမီးဆုအိန္ဒြေစံ၊ သားမောင်ပြည့်မြတ်ကောင်း၊ သမီးမဆုမွန်သဉ္စာ မိသားစု (ယူနိုက်တက်ဆောက် လုပ်ရေး)တို့က ဆောက်လုပ်လှူဒါန်း ခဲ့သည်။

ဩဝါဒပါတိမောက်ကျောက်စာတော်

ရင်ပြင်တော်တောင်ဘက်၌ ဆရာကြီး ဦးအုန်းမြင့်+ဒေါ်သန်းနု မိသားစုတို့က ဩဝါဒပါတိမောက်ကျောက်စာကို အင်္ဂလိပ်၊ ပါဠိ၊ မြန်မာဘာသာဖြင့် မော်ကွန်းတင် ထွန်းထုထားရှိ၍ ထိုကျောက်စာကို တည်ထားရန်အတွက် ပလ္လင်၊ တံကဲတို့ကို ဦးမျိုးတင့်+ဒေါ်အေးအေးမြင့်၊ သားမောင်ထွန်းထွန်းလင်း၊ မောင်ဘုန်းမြင့်ကျော်၊ သမီးမသီသီမွန် မိသားစုတို့က (၂၂၁၉၉၇)နေ့တွင် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

ဂေါတမဘုရားရှင် မဟေသရကုန်းသို့ ကြွချီဟန်

ဂေါတမမြတ်စွာဘုရားရှင်သည် သီတင်းသုံးရာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း တော်မှ ဣဒ္ဓိဝိဒအဘိညာဉ်ဖြင့် ကောင်းကင်သို့ ပျံတက်ကာ နောင်သာသနာတော် ထွန်းကားမည့် မဟေသရကုန်း တော်ပေါ်သို့ ကိုယ်တော်တစ်ပါးတည်း ကြွချီရောက်ရှိ လာပုံ။

ဩသဓသီတာရေချမ်းစင်

၎င်းရေချမ်းစင်မှရေကို သောက်သုံးခြင်းဖြင့် (၉၆)ပါး ရောဂါဝေဒနာများ ပျောက်ကင်းစေရန် စိတ်ရည်သန်၍ ဂေါပက ဦးအုန်းကြိုင်+ ဒေါ်စိန်ဝင်းမိသားစုက(၁၃၇၀)ပြည့်နှစ်၊ မဟာသမယ နေ့တွင် တည်ဆောက် လှူဒါန်းပါသည်။ ဦးကာယအနီးတွင် တည်ရှိပါသည်။

သစ္စာမှန်ဆုတောင်းပြည့်ဝဋ်ကြွေးတော်ပြေဘုရားစေတီတော်

အလှူရှင်ဘုရားဒကာ  နေလသစ္စာဆရာကြီး ဦးပညာသိဒ္ဓိ () ဆရာတော် ဦးဩဘာသ၊ ဘုရားအမရဟန်း မယ်တော် ဧကံသမနောပညာရှင် ဆရာမကြီး ဒေါ်နန်းစန္ဒာ၊ ဘုရားဒကာဒုတက ဆရာကြီး ဦးဖြူထွေး+ဒေါ်မြသက်မူတို့က မတည်တည်ထား ပူဇော်ပါသည်။ ဦးလှဘော်+ဒေါ်တူး၊ ဒေါ်စိန်ရွှေတို့မှ မတည်၍ တံခွန်တိုင်များ၊ မဟာတံတိုင်း၊ ကြွေပြားများကို အများကောင်းမှုဖြင့် ကမ္ပည်းများထိုး၍ လှူဒါန်းထားပါသည်။ သတ္တာဟဝင်းအတွင်း၌ တည်ရှိပါသည်။

ဆုတောင်းပြည့်အေးစေတီ

အနောက်ဘက်ရှိ ဆရာဖြေအာရုံခံတန်ဆောင်းနှင့် မျက်နှာချင်းဆိုင်၌ တည်ထားသော ဆုတောင်းပြည့်အေးစေတီထီးတော်၊ ရုပ်ပွား တော်များကို ရွှေဆေး သင်္ကန်းဆက်ကပ်ခြင်းနှင့် လိုဏ်ဂူအား ဆေးရောင်ခြယ် ခြင်းများကို ကွယ်လွန်သူ မိဘ နှစ်ပါးဖြစ်ကြသော ဦးစိုးဝင်း+ဒေါ်ငွေတို့အား ရည်စူး၍ လှိုင်သာယာ၊ ပင်လုံဈေးနေ သမီးဒေါ်သန်းသန်းအေး (သိန်းကမ္ဘာဘယဆေး) မိသားစုက (၂၀၁၀)ပြည့်နှစ်တွင် ကောင်းမှုပြုခဲ့သည်။

ရှင်အရဟံနှင့်အနော်ရထာ ရုပ်ထုတော်

စေတီတော်၏ တောင်ဘက်တန်ဆောင်း အတက် ဝဲဘက်၌ အနော်ရထာ မင်းမြတ်မှ ရှင်အရဟံထံသို့ ပိဋကတ်တော်များ ဆက်ကပ်နေပုံ ရုပ်ထုတော်ဖြစ်ပါသည်။ ထေရဝါဒအုတ်မြစ်ချပေးသူ ရင်အရဟံ မထေရ်မြတ်နှင့် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်သူ အနော်ရထာမင်း မြတ်တို့ ကျေးဇူးကြီးမားမှုကို အမြဲသတိတရရှိစေရန် ရည်ရွယ်၍ ဂေါပက ဦးသိန်းစိုး+ ဒေါ်ကြင်ယုံ မိသားစုက (၂၀၀၉)ခုနှစ်တွင် တည်ထား ကောင်းမှုပြုထားပါသည်။ ရုပ်ထုများကို မြန်မာမှုပန်းပုပညာရှင် ဒေါ်ဆွေဆွေတင့်နှင့် အဖွဲ့ကထုလုပ်ထား ပါသည်။

ထီးတော်စေတီ

(၂၀၀၈) ခုနှစ်၊ မေလတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပိန္နဲတိုင်နှင့် ထီးတော်များ ထိခိုက်မှု ရှိခဲ့ပါသည်။ ထိုထီးတော်မှာ လွန်ခဲ့သည့် အနှစ် (၇၀) ကျော် သက္ကရာဇ် (၁၃ဝဝ) ပြည့်နှစ် တွင် လတ္တာလမ်းနေ ဒေါ်ဒေါ်သင်၊ သား-သူဌေးကေဘကြီးနှင့် သားသမီး တစ်စုတို့က ကောင်းမှုပြုထားကြောင်း တွေ့ရသည်။ ထိုထီးတော်အစား ရွှေထီးတော်အသစ်ကို (၂၃-၄-၂၀၀၉) နေ့တွင် တင်လှူခဲ့သည်။

ထီးတော်အဟောင်းအား စေတီတော်၏မြောက်ဘက် တနင်္ဂနွေထောင့်တွင် ဂေါပက ဦးအုန်းကြိုင်+ ဒေါ်စိန်ဝင်း မိသားစုမှ (၈-၇-၂၀၀၉) နေ့တွင် မူလထီးတော်ပုံစံအတိုင်း အုပ်မိုး၍စေတီတည်ထား လှူဒါန်းပူဇော်ခဲ့ပါသည်။

နဂါးရုံဘုရား

ဘဒ္ဒကမ္ဘာတွင်ပွင့်တော်မူသော ဘုရား (၅) ဆူ နှင့်အောင်ခြင်း ရှစ်ပါး