ဇရပ် တန်ဆောင်းများ

မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊

ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။

စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊

သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။

သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊

မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊

ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊

တရားမြတ် ပွားအပ်ယောဂီနွယ်။

အနန္တမေတ္တာအာရုံခံ တန်ဆောင်း

(၂၀၀၈)ခုနှစ်တွင် မိဘနှစ်ပါးအားရည်စူး၍ သမီး မဝေ၊ သားမောင်အောင်ကျော်ဟိန်း (အောင်ကျော်ဟိန်းနှင့်ရောင်းရင်းများ၊ ဘုရင့် နောင်ဈေး) တို့က ဘုရားဖူးများ အဓိဌာန်ပြု တရားထိုင်နိုင်ရန် ဆောက်လုပ်လှူဒါန်း ထားပါသည်။ ယခုအခါ PDD ခန်းအဖြစ် ဤတန်ဆောင်းအတွင်း၌ ပြုလုပ်ထား ပါသည်။ ရှေးဟောင်း သိမ်တော်ကြီးနှင့် ဗုဒ္ဓမေတ္တာအာရုံခံတန်ဆောင်းကြား၌ တည်ရှိ ပါသည်။