ဇရပ် တန်ဆောင်းများ
မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊
ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။
စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။
သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊
ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
ဗုဒ္ဓမေတ္တာအာရုံခံ တန်ဆောင်း

မြန်မာသက္ကရာဇ် (၁၃၇၄)ခုနှစ်တွင် ဦးသန်းလှ+ ဒေါ်စမ်းစမ်းဝင်း၊ သားကြီး–မောင်အောင်မြတ်၊ သမီးကြီး–မဆွေဆွေဦး၊ သား–မောင်ဉာဏ်ဝင်းနိုင်၊ သမီး–မတင်မိုးဟန်၊ သား–မောင်ဒိုးတို့ မိသားစုက “အမျှဝေ စာတမ်း” ကျောက်စာပါထည့်သွင်း ဆောက်လုပ်လှူဒါန်းထားပါသည်။ စေတီတော်၏ တောင်ဘက်မုခ်အနီးတွင် တည်ရှိ ပါသည်။
ဤတန်ဆောင်းအတွင်း နံရံများ၌ (၂၀၂၂)ခုနှစ်တွင် ဂေါပကအဖွဲ့ဝင်များ နှင့် အလှူရှင်များစုပေါင်း၍ ဗီနိုင်းများဖြင့် ဗုဒ္ဓဝင်ပြခန်းအဖြစ် ပြုလုပ်လှူဒါန်းကြပါသည်။ ပြခန်းတစ်ခုချင်းနှင့်အလှူရှင်များအား ဓါတ်ပုံမှတ်တမ်းအဖြစ် ဖော်ပြအပ်ပါသည်။