ဇရပ် တန်ဆောင်းများ
မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊
ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။
စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။
သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊
ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
ဆရာဖြေ တန်ဆောင်း

(၁၂၇၅)ခုနှစ်တွင် ရန်ကုန်မြို့၊ ဘုန်းကြီးလမ်းနေ ပါဠိဆရာ ဖြေဇနီး ဒေါ်ပု၊ သမီးမရင်တို့ မိသားစုက ဆောက်လုပ်လှူဒါန်းထားသည်။ ခရစ်နှစ် (၂၀၀၀)ပြည့်နှစ် တွင် ပန်းထိမ်ဆရာကြီး ဦးကြည်+ဒေါ်မြင့်မြင့် မိသားစု၊ ဦးအောင်ချစ်+ဒေါ်မြစန်း၊ ဒေါ်နန်းတင် မိသားစု (လင်းရောင်ခြည်ပွဲရုံ ဘုရင့်နောင် ဈေး)၊ ကျိုက်ဝိုင်းဘုရား ဈေးသူဈေးသားများနှင့် အများကောင်းမှုဖြင့် အမိုးများ၊ ပလ္လင်၊ တံကဲများ ပြုပြင် လှူဒါန်းခဲ့ပါသည်။ စေတီတော်မြတ်ကြီး၏ ကြသပတေး ထောင့်အနီးတွင် တည်ရှိပါ ဿည်။