ဇရပ် တန်ဆောင်းများ
မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊
ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။
စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။
သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊
ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
မြောက်ဘက်အာရုံခံ တန်ဆောင်း

(၁၉၉၆)ခုနှစ်တွင် ဒေါက်တာစိန်ဝင်း+ ဒေါက်တာခင်ခင်မြင့်၊ သမီး–မဆုအိန္ဒြေစံ၊ သား–မောင်ပြည့်မြတ်ကောင်း၊ သမီး–မဆုမွန်သဉ္ဇာ မိသားစု (ယူနိုက်တက် ဆောက်လုပ်ရေး)က အသစ်တည်ဆောက် လှူဒါန်းခဲ့သည်။ ထိုအာရုံခံတန်ဆောင်း၌ တိုင်လုံးများတွင် ဇာတ်ကြီး (၁၀)ဘွဲ့ကို သရုပ်ဖော်ထားပါသည်။