ဇရပ် တန်ဆောင်းများ
မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊
ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။
စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။
သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊
ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
ရှင်သီဝလိ တန်ဆောင်း

ရှေ့နေ ဦးတင်လှ+ဒေါ်တင်တင်ဝင်း မိသားစု၊ ဦးကျော်တင်မြင့်+ဒေါ်ခင်ခင်အေး မိသားစု၊ ဦးထွန်းထွန်း+ဒေါ်ဌေးဌေး မိသားစုတို့က တန်ဆောင်းနှင့်တကွ ရှင်သီဝလိ ရဟန်းတော်မြတ် ပြည်တော်ဝင်ရုပ်ထုကို (၂၀၀၆)ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းပါ သည်။ အောင်မြေတန်ဆောင်းအနီးတွင် တည်ရှိသည်။