ဇရပ် တန်ဆောင်းများ
မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊
ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။
စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။
သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊
ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
မုဒြာ (၃၆)ဆူ တန်ဆောင်း

မုဒြာ (၃၆)ဆူပလ္လင်၊ တံကဲနှင့် ဂန္ဓကုဋိတိုက် ပြုပြင်မွမ်းမံ သည့် အလှူရှင်မှာ ဦးအုန်းကြိုင်+ဒေါ်စိန်ဝင်း မိသားစုဖြစ်ပြီး မြတ်ဗုဒ္ဓ၏ မုဒြာ (၃၆)မျိုးဆင်းတုတော် အလှူရှင်မှာ ဦးလမင်း+ဒေါ်သီသီဝင်း၊ သား–ကိုမြတ်မင်းမောင်၊ မမို့မို့လမင်း၊ အစ်မများဖြစ်ကြသော မစန္ဒာဝင်း၊ မသီတာဝင်း၊ မခင်သန္တာလင်း မိသားစုဖြစ်ပါသည်။ စေတီတော်၏ မြောက်ဘက်ဗောဓိပင်အနီးတွင် တည်ရှိပါသည်။