ဇရပ် တန်ဆောင်းများ
မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊
ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။
စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။
သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊
ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
ဆံတော်တွင်း ဂန္ဓကုဋိအာရုံခံတန်ဆောင်း

မူလအဆောက်အဦးဟောင်းဖြစ်ပြီး (၂၀၀၉)ခုနှစ်တွင် ကမ္ဘောဇ ကျောင်းဆရာတော်နှင့် ဒေဝီအဖွဲ့က အမိုးနှင့် မြန်မာမှု သွပ်ပန်းပြသာများ ပြင်ဆင် တပ်ဆင်လှူဒါန်းခဲ့သည်။ ထို့အပြင် (၁.၂.၂၀၁၃)တွင် ဦးတင်ယု မိသားစု၊ ဦးသန်းဝင်း မိသားစုတို့က ထပ်မံ၍ပြုပြင် လှူဒါန်းပါသည်။ ဘုရားသုံးဆူတန်ဆောင်းအနီးတွင် ရှိပါသည်။