ဇရပ် တန်ဆောင်းများ
မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊
ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။
စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊
သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။
သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊
မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊
ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊
တရားမြတ် ပွားအပ်ယောဂီနွယ်။
အလိုတော်ပြည့်ရုပ်ပွားတော်အာရုံခံတန်ဆောင်း

ဘုရားသုံးဆူအာရုံခံတန်ဆောင်း၏ အရှေ့ဘက်၊ နှစ်ကျိပ်ရှစ်ဆူ ဂန္ဓကုဋိ တန်ဆောင်းနှင့် ကပ်လျပ်တွင် အလိုတော်ပြည့် ရုပ်ပွားတော်နှင့် အာရုံခံတန်ဆောင်း ကို မိခင်ကြီး ဒေါ်အုန်းမြိုင်ကွယ်လွန်သည့် (၃၃)နှစ်ပြည့် ကျေးဇူးဆပ်သောအားဖြင့် သား–ဦးအုန်းကြိုင်+ဒေါ်စိန်ဝင်း၊ သားသမီးမြေးတစ်စုက (၁၁.၁၁.၂၀၀၉)တွင် ဆောက်လုပ်လှူဒါန်းထားပါသည်။