ဇရပ် တန်ဆောင်းများ

မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊

ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။

စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊

သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။

သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊

မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊

ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊

တရားမြတ် ပွားအပ်ယောဂီနွယ်။

မဟေသရ တန်ဆောင်း

ဂေါတမဘုရားရှင်မှ မဟေသရနတ်ဘီလူးမင်းအား ဆံတော် ချီးမြှင့်နေပုံကို ဖခင်ကြီး ဦးဝင်းကြည်+မိခင်ကြီး ဒေါ်လှရီတို့အား အမှူးထား၍ သမီး ဒေါက်တာသူဇာဝင်း၏ နှစ် (၅၀)ပြည့်မွေးနေ့အဖြစ် (ဦးရဲမောင်လွင်လေး)+ဒေါက်တာ သူဇာဝင်း၊ သားမောင်အောင်ရဲသူ၊ သမီးမအိမ့်ရူပါမောင်တို့က (၂၉.၁၀.၂၀၁၂)တွင် လှူဒါန်းပါသည်။ ဂေါပကရုံးအနီးတွင် တည်ရှိပါသည်။