ဇရပ် တန်ဆောင်းများ

မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊

ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။

စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊

သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။

သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊

မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊

ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊

တရားမြတ် ပွားအပ်ယောဂီနွယ်။

ဘုရားသုံးဆူ တန်ဆောင်း

ဦးလင်ချန်းချန်း+ဒေါ်ကျင်အေး၊ သားမောင်လင်းဝေ၊ မောင်လင်းယွန်း (စွဲကဖီး) မိသားစုတို့က (၁၂.၁၀.၂၀၁၁)တွင် အသစ်တည်ဆောက် လှူဒါန်းပါသည်။ စေတီတော်ကြီး၏ အရှေ့ဘက်တွင် တည်ရှိပါသည်။