မဟာဗောဓိညောင်ပင်များ

မင်းလွင်မြူဆိုင်း ကျိုက်ဝိုင်းစေတီ၊

ရွှေရောင်ထိန်ညီး ဓာတ်မီးရောင်ခြည်။

စေတီဝိုင်းလို့ မှိုင်းညို့ပြာရီ၊

သဒ္ဓါတိုး ရှိခိုးအဉ္ဇလီ။

သမိုင်းကျောက်ဝိုင်း ရောက်တိုင်းပျော်ဖွယ်၊

မှိုင်းမှိုင်းညို့ညို့ လွမ်းဖို့သွယ်သွယ်၊

ဝိဝေကလမ်း ထက်တန်းရည်ရွယ်၊

တရားမြတ် ပွားအပ်ယောဂီနွယ်။

အရှေ့တောင်ထောင့်အရပ်ရှိမဟာဗောဓိညောင်ပင်

ယခင် ဝန်ကြီးချုပ် ဦးနုက ဆဋ္ဌသင်္ဂါယနာတင်ပွဲ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဂယာမှ ပင့်ဆောင် လာပြီး စိုက်ပျိုးပူဇော်ထားသော မဟာဗောဓိပင်ကြီး ဖြစ်ပါ သည်။ မဟာဗောဓိပင်၌ တည်ထားသော ဆင်းတုတော်လေးဆူအား မိုးအုပ်ထားသော ထီးများ ပျက်စီးသဖြင့် သွပ်ပန်းထီးအသစ်များဖြင့် ပြန်လည် အစားထိုး၍ ပလ္လင်အုတ်ခံများကိုလည်း ပြန်လည်တည်ဆောက်ခဲ့ရာ ထိုသို့ တည်ဆောက်မှုများ အား (၂၀၀၉) ခုနှစ်တွင် အလှူရှင်အပေါင်းက သဒ္ဓါထက်သန်စွာဖြင့် ကုသိုလ်ပါဝင် ကြပါသည်။

အရှေ့မြောက်ထောင့်ရှိ မဟာဗောဓိညောင်ပင်

မြန်မာသက္ကရာဇ် (၁၃၅၀)ပြည့်နှစ် တပေါင်းလပြည့်ကျော် ()ရက်တွင် စေတီ တော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တအာစရ ဦးစီး၍ ဘဒ္ဒန္တဝိစာရိန္ဒ၊ ဘဒ္ဒန္တဉာဏောဒယ၊ ဂေါပကအဖွဲ့ဥက္ကဌ ဦးစိုးမြင့်၊ အတွင်းရေးမှူး ဦးသန်းမြင့်တို့ စိုက်ပျိုးပူဇော်ပါသည်။ ဗောဓိညောင်ပင်၏ ပလ္လင်ပတ်လည်တွင် ဆင်းတုတော်ရှစ်ဆူ နှင့် ဂြိုဟ်တိုင်ရှစ်တိုင်တို့ ပါဝင်ပြီး အလှူရှင်အသီးသီးအား ကမ္ပည်းရေးထိုးထားရှိ သည်။ စေတီတော်မြတ်ကြီး၏ အရှေ့မြောက်ထောင့်တွင် တည်ရှိပါသည်။