ဝန်ကြီးပဒေသရာဇာအရိုးအိုးစေတီ

အင်္ဂါမင်းလက်ထက် ၁၀၃၄ ခုနှစ်တွင် ဖွားမြင်ခဲ့သည့် ပဒေသရာဇာသည် နန်းတွင်းမှာ ကြီးပြင်းရသူဖြစ်သော်လည်း ရတု၊ ကဗျာ၊ ပျို့၊ လင်္ကာ၊ တျာချင်း၊ စချင်း၊ မဟာဂီတသီချင်းပေါင်းများစွာ ရေးသားခဲ့ရာတွင်၊ တံငါသမား၊လယ်သမား၊ လှေသမား၊ ထန်းတက်သမားတို့ဘဝကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ကွင်းဆင်းလေ့လာရေးသားခဲံ့သည့် ပြည်သူ့စာဆိုကြီး ဖြစ်ပါသည်။ မွန်ဘုရင်ဗညားဒလ၊ အင်းဝကိုလာရောက် တိုက်ခိုက်ပြီး၊ အရှင်သခင် ဖြစ်သော ညောင်ရမ်းဆက် မဟာဓမ္မရာဇာဓိပတိဘွဲ့ခံ ဟံသာဝတီမင်းတရား၊ မိဖုရားသားတော် သမီးတော်၊ မှူးကြီးမတ်ရာများနှင့်အတူ၊ စာဆိုကြီးလည်း သန်လျင်သို့ ၁၁၁၄ ခုနှစ်တွင် ရောက်ရှိခဲ့ရပါသည်။ ထိုမှဆက်၍ ချီတက်ရာတွင်၊ စာဆိုကြီး၏ ဝမ်းကိုက်ရောဂါ၊ အသက်အရွယ်အရ သန်လျင်ကျိုက်ခေါက်ဆရာတော်ကျောင်းမှာ ထားခဲ့ကြရာ၊ ဝိုင်းဝန်းပြုစုကြသော်လည်း ၁၁၁၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၃) ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။ စေတီတော်မြောက်ဘက် ကုန်းမြေတွင် အရိုးအိုးစေတီတည်ထားသော်လည်း၊ ယခုအခါစေတီမရှိတော့ဘဲ အုတ်ဂူသာ အုတ်တံတိုင်း လေးဘက်အတွင်းလေးဘက် အတွင်းတည်ရှိနေပါသည်။ နှစ်သက်တန်း ၂၇၀ ပင်ရှိခဲ့ပြီဖြစ်ပါသည်။